
၂၁ .၃ .၂၀၂၆
Written by Thiri
ကျိုက်ထီးရိုးဘုရားဖူး သွားတဲ့ သားအမိ သုံးဦး ပျောက်ဆုံးနေလို့ မိသားစုက လူမှုကွန်ရက်ကနေ လူပျောက်ကြော်ငြာကာ အကူအညီတောင်းခံထားပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ ၁၄ ရပ်ကွက်၊ တိုက် (၁၁)၊ အခန်း (၂၀၄) မှာနေထိုင်သူ အဘဦးလှရွှေရဲ့သမီးမသန္တာအောင် အသက်(၄၁)နှစ်နဲ့ သားနှစ်ဦးဖြစ်သူ (အဘ) ဦးရဲဝင်းထိုက်ရဲ့ သား မောင်အံ့ထူးသွင် အသက်(၆)နှစ်၊ မောင်ညီဘုန်းပြည့်စုံ အသက်(၂)နှစ်တို့ဟာ မတ်လ ၁၇ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်ခန့်မှာ နေအိမ်ကနေ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးဘုရားဖူးသွားဖို့ ထွက်ခွာသွားခဲ့ရာက ဒီကနေ့အထိ (မတ်လ ၂၁) အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေခဲ့တာလို့ သိရပါတယ်။
လူပျောက်နေကြောင်း သက်ဆိုင်ရာကို အကြောင်း ကြားထားသလို ကာယကံရှင်တွေက ပုလဲအရန်မီးသတ်တပ်ဖွဲ့ လူမူကွန်ရက်ကနေတစ်ဆင့်လည်း ဖြန့်ဝေရှာဖွေပေးဖို့အကူအညီတောင်းခံလာတာကြောင့် ဖြစ်စဉ်တချို့ကိုမေးမြန်းပြီး ကူညီ ချိတ်ဆက်ရှာဖွေပေးနေတယ်လို့လည်းသိရပါတယ်။
ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ ကိုထင်လင်းအောင်က “”ကျွန်တော့်ကို ပျောက်ဆုံးသူ အမျိုးသမီးရဲ့ မိသားစုဝင် အဖေဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူက လာအကူအညီတောင်းတာပါ။ စိတ်ဆိုးပြီး ဆင်းသွားတာမျိုးမဟုတ်ဘူး။ ဘာပြဿနာမှ မရှိဘဲ ပုံမှန်ပဲ ဘုရားဖူးသွားတာပါလို့ ပြောပြတယ်။ အခုထိတော့ အလိမ်အညာဖုန်းတွေပဲ ဆက်သွယ်လာသေးတယ်လို့ ယူဆရပါတယ်။ ဘယ်နယ်မြေမှာရောက်နေတယ်။ ထိန်းသိမ်းထားတယ် ဆိုတာမျိုးတွေပါ။ ငွေတောင်းတာမျိုးတော့မဟုတ်ပါဘူး” လို့ လည်း ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေဆိုပါတယ်။
သားအမိ(၃)ဦးစလုံး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးတာမို့ ၊ တွေ့ရှိပါက 09766378684(မိသားစုဝင် ) ၊ 09-946659399၊ 09-962233772 (ပုလဲအရန်မီးသတ်တပ်ဖွဲ့) တို့ရဲ့ တယ်လီဖုန်း နံပါတ်တွေကို ကူညီဆက်သွယ်ပေးဖို့လည်း အကူအညီတောင်းခံထားပါတယ်။
