◾ ထရမ့်ပ်က ဓာတ်ဆီဈေးနှုန်းများ လျှော့ချရန် ကြိုးပမ်းသည့်အနေဖြင့် အီရန်ရေနံစည် သန်း ၁၄၀ အပေါ် အမေရိကန်က ပိတ်ဆို့မှုများ ရုပ်သိမ်း
၂၁.၃.၂၀၂၆
Translated by Htwe Ko Tun
မတ်လ ၂၁ ရက်မှာ စတုတ္ထပတ်ကိုရောက်ရှိလာတော့မှာဖြစ်တဲ့ အစ္စရေး-အမေရိကန်နဲ့ အီရန်တို့ရဲ့ စစ်ပွဲဖြစ်ပွားရာ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးဆောင်ရွက်မှုတွေကို လျှော့ချဖို စဉ်းစားနေတယ်လို့ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က မတ်လ ၂၀ ရက်က လူမှုမီဒီယာမှာ ရေးသားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် အမေရိကန်အရာရှိတွေက အမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ အရှေ့အလယ်ပိုင်းဒေသကို ဦးတည်ချီတက်နေကြောင်း ပြောကြားခဲ့သလို အီရန်အဆင့်မြင့် သတင်းရင်းမြစ်တစ်ခုကလည်း အီရန်အစိုးရအနေနဲ့ ထရမ့်ပ်ရဲ့ ပြောဆိုချက်ကို မယုံကြည်ဘူးလို့ CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
သမ္မတထရမ်ပ်က ဟောမုဇ်ရေလက်ကြားကိုပြန်လည်ဖွင့်လှစ်နိုင်ဖို့ ရေလက်ကြားလုံခြုံရေးအတွက် ရေတပ်တွေ ပူးပေါင်းဆောင်ရွက်ကြဖို့ သူ့ရဲ့ကမ်းလှမ်းချက်အပေါ် မဟာမိတ်နိုင်ငံတွေရဲ့ ငြင်းဆိုမှုကိုလည်း ပြစ်တင်ပြောကြားခဲ့ပြီး နေတိုးမဟာမိတ်တွေကို သူရဲဘောကြောင်သူတွေအဖြစ် ပြောခဲ့တယ်လို့လည်း သိရပါတယ်။
ထရမ့်ပ်က ရေနံဈေးနှုန်းကို ကျဆင်းဖို့ ရည်ရွယ်တဲ့အတိုင်း အီရန်နိုင်ငံရဲ့ ရေနံစည် သန်း ၁၄၀ အပေါ် ပိတ်ဆို့မှုတွေကို အမေရိကန်က မတ်လ ၂၀ ရက်က ယာယီရုပ်သိမ်းခဲ့ပေမယ့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းက တစ်စည်ကို ၁၁၂ ဒသမ ၁၉ အမေရိကန်ဒေါ်လာနဲ့ စစ်ပွဲတွင်း ယခုအချိန်အထိ အမြင့်ဆုံး အနေအထားမှာ ရှိနေပါသေးတယ်။ နယူးယော့ခ်မြို့အခြေစိုက် Goldman Sachs ကုမ္ပဏီစုကတော့ ၂၀၂၇ ခုနှစ်ကုန်အထိ ရေနံဈေးနှုန်းတွေ မြင့်မားနေနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဝေါ့လ်ဇ်က CNN Yown Hall အစီအစဉ်ကနေ အမေရိကန်အစိုးရရဲ့ ဒီလုပ်ရပ်က ယာယီအတွက်သာ အလွန်အမင်း ရည်ရွယ်ပြီး ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြှင့်တင်ဖို့ အီရန်အစိုးရရဲ့ မဟာဗျူဟာကို တိုက်ဖျက်ဖို့ ရည်ရွယ်တယ်လို့ မတ်လ ၂၀ ရက် ညပိုင်းမှာ ပြောခဲ့ပါတယ်။
Ref- CNN
