
၁၉.၃.၂၀၂၆
Written By Thandar
ပရိသတ်တွေကို ပျော်ရွှင်မှုရသတွေပေးခဲ့တဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်နေကျော် အသက် ၆၇ နှစ်ဟာ ယနေ့ မတ်လ ၁၉ ရက် ညနေ ၃ နာရီကကျောက်ကပ်ပိုး ဦးနှောက်ထဲဝင်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
“ဟာသသရုပ်ဆောင် လူရွှင်တော် ကိုနေကျော် ယနေ့ညနေ ၃ နာရီခန့်က ကွယ်လွန်သွားကြောင်း ကြားသိရပါတယ်။ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲ နှမြောတသရပါတယ်။ ကောင်းရာဘုံဘဝကို ရောက်ပါစေ ဗျာ (သွားနှင့်ပေဦးတော့ အကိုနေကျော်ရေ )”လို့ ဟာသလူရွှင်တော် ကောင်းကျော်က ၀မ်းနည်းကြောင်း အသိပေး ရေးသားထားပါတယ်။
နေကျော်ဟာ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာကို ခံစားနေရာကတစ်ဆင့် ကျောက်ကပ်ရောဂါပါ ခံစားခဲ့ရတာပါ။ နောက်ဆုံးသိရတဲ့အခြေအနေမှာတော့ ကျောက်ကပ်ပိုးဟာ ဦးနှောက်ထဲရောက်ရှိသွားတာကြောင့် မိသားစုကိုတောင် မှတ်မိနိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
နေကျော်ရဲ့ နာရေးကိုတော့ ဆက်လက်စုံစမ်းပြီးတော့ ပရိသတ်ကို အသိပေးသွားမှာလည်း ဖြစ်ပါတယ်။
