၁၃.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ရောက်ရှိနေတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် လက်ရှိအကျပ်အတည်းဖြစ်ပေါ်နေမှုနဲ့ အလားအလာရှိတဲ့ စီးပွားရေးစီမံကိန်းတွေကို အမေရိကန်ဘက်နဲ့ ဆွေးနွေးခဲ့တယ်လို့ ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ အထူးသံတမန်နဲ့ ရုရှား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ကီရီလ်ဒီမီထရိဗ်က မတ်လ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန်အရာရှိတွေအကြား နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ထူထောင်ရေးအတွက် စီမံကိန်းတွေနဲ့ပတ်သက်လို့ အစည်းအဝေးတစ်ခု ကျင်းပခဲ့တယ်လို့လည်း ကီရီလ် ဒီမီထရိဗ်က ပြောကြားခဲ့ပါသေးတယ်။
အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက အဓိကဖြစ်တဲ့ နိုင်ငံအများအပြားအနေနဲ့ ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို သေချာအာမခံနိုင်စေဖို့ရာ ရုရှားရေနံနဲ့ သဘာဝဓာတ်ငွေ့ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍအပြင် ရုရှားအပေါ် ပိတ်ဆို့မှုတွေရဲ့ ထိရောက်မှုမရှိခြင်းနဲ့ ပျက်စီးနိုင်တဲ့ သဘောသဘာဝကို အခုအခါ ပိုမိုနားလည်လာကြပြီလို့ ဒီမီထရိဗ်က ပြောခဲ့ပါတယ်။
မတ်လ ၁၂ ရက်အစောပိုင်းမှာပဲ အမေရိကန် သမ္မတရဲ့ အထူးသံတမန် စတိဗ် ဝတ်ကော့ဖ်က အမေရိကန်နဲ့ ရုရှားကိုယ်စားလှယ်တွေဟာ အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးခဲ့ပြီး အဆက်အသွယ်ရှိနေကြဖို့လည်း သဘောတူခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref- Xinhua
