၇.၂.၂၀၂၆
Written By Thandar
မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရွှေနဒီရွှေရည်ထုတ်လုပ်ရေးက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဒရာမာဇာတ်လမ်းပုံစံ “မြေစာ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို မြင့်မြတ်က ရရှိခဲ့ပါတယ်။
“ကျွန်တော် ခုရတဲ့ဆုက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ စည်ပင်ဝန်းထမ်းတွေကို ကိုယ်စားပြုပါတယ် ခင်ဗျာ၊ ကျွန်တော့်အတွက်လည်း အမြဲတမ်း အမှတ်တရဖြစ်နေမယ့် ဆုပါ။ ထုတ်လုပ်ပေးတဲ့ ရွှေနဒီရွှေရည်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကားကို ဖန်တီးတဲ့ ကျွန်တော့်ရဲ့ဆရာ ကိုနေပိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ တစ်ဖွဲ့လုံး အရမ်းပင်ပင်ပန်းပန်းလုပ်ကြတဲ့ စက်အဖွဲ့သားတွေ အရမ်းကျေးဇူးတက်ပါတယ်။ ကျွန်တော့်လည်း အားကျမခံ ဆိုးအတူကောင်းဘက် ပါရမီဖြည့်ပေးတဲ့ ဇနီးကိုလည်းကျေးဇူးတင်ပါတယ် ပြောချင်ပါတယ်” လို့ အကယ်ဒမီ မြင့်မြတ်က ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း လွမ်းဝေအောင်က ရေးသားပြီးတော့ ဒါရိုက်တာ နေပိုင်က ဖြစ်ရပ်မှန်ကို အခြေခံပြီး မြောက်ဒဂုံမြို့နယ်ဘက်မှာ ဇာတ်လမ်းပုံဖော်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ မြင့်မြတ်၊ စည်းသူဝင်း၊ ဘုန်းမင်းနေလ၊ အကယ်ဒမီ အေးမြတ်သူ၊ သံသာညီ၊ ဆင်မ၊ ထူးခြား၊ စန်းယု၊ ပုပ္ပါး၊ မာန်ဆက်လူ၊ သင်္ချာစိုးအောင်၊ ဒေါ်ခင်အုန်းမြင့်၊ဝိုင်းဇေခန့် စတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
#မြင့်မြတ် #စည်သူဝင်း #အေးမြတ်သူ #သံသာညီ #MyintMyat #AyeMyatThu #SiThuWin #ThanTharNyi #MyanmarActor #MyanmarCele #Celebrity #မြေစာရုပ်ရှင်ကားကြီး #အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု #MyanmarAcademy #2025Academy





