၇.၂.၂၀၂၆
Written By Thandar
အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက မိဘမေတ္တာနဲ့ လူငယ်တွေရဲ့ချစ်ခြင်းဇာတ်လမ်းပုံစံ “မောင့်မိဖုရား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရတနာဗို ရရှိခဲ့ပါတယ်။
“ဒီအကယ်ဒမီဆုကို အကဲဖြတ်ပေးကြတဲ့ ရုပ်ရှင်အစည်းအရုံးက လူကြီးမင်းတွေ အကဲဖြတ်ဒိုင်များ အားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ဂါရဝပြုပါတယ်ရှင်။ ဗိုတို့ အနုပညာသမားတွေအတွက် မှတ်တိုင်တစ်ခုဖြစ်တဲ့ ရွှေစင်ရုပ်တုကြီးကို ကျေးဇူးရှင်ဆရာသမားတွေကြောင့် ချစ်ရတဲ့ ပရိသတ်တွေကြောင့် ဗို ဒီဆုကို ပိုင်ဆိုင်ခဲ့ပါပြီ။ မန္တလေးကနေ ဝါသနာတစ်ခုနဲ့တက်လာတဲ့ မိန်းကလေးတစ်ယောက်ကို အနုပညာပျိုးခင်းဆိုတဲ့ ဗိုရဲ့ဆရာတွေကို ကျေးဇူးတင်ပါတယ်။ အနုပညာလုပ်ရင်း လမ်းပျောက်နေတယ်။ ဗိုရဲ့ ဖေဖေက သမီးဆက်လုပ်ရမယ် အကယ်ဒမီမင်းသမီးဖြစ်ဦးမယ် ပြောခဲ့တယ်၊ ဖေဖေကို စိတ်ဆိုးခဲ့တယ်၊ ငယ်ငယ်ကတည်းကနေ ခုချိန်ထိ မိဘတွေအတွက် ဆုဆိုလို့ ဘာဆုမှမယူပေးနိုင်ခဲ့ဘူးပေါ့နော်။ ဒီဆုကတော့ ဖေဖေနဲ့မေမေအတွက် အရမ်းဂုဏ်ယူဝမ်းသာရမယ့်ဆုလို့ထင်ပါတယ်”လို့ သရုပ်ဆောင် ရတနာဗိုကပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း လူညိုချောနဲ့ မယ်မင်းဘုံ၊ ဇာတ်ညွှန်း သီလံတိုက ရေးသားပြီး ဒါရိုက်တာ မယ်မင်းဘုံက သရုပ်ဆောင်တွေအနေနဲ့ တိုင်ရွန်၊ ဗညားဘုန်းပြည့်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ခိုင်နှင်းဝေ၊ ယုသန္တာတင်၊ ရတနာဗို၊ အကယ်ဒမီမြတ်ကေသီအောင်၊ အကယ်ဒမီ ခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ သီဟ တင်အောင်မိုး၊ အိမ့်ကြာဖြူ၊ ဒေါ်နန်းခမ်းဝါ၊ ဒေါ်ဒယ်ဘီ၊ စင်သီယာ၊ အေးမို့မို့ဇော်၊ မင်းသိဒ္ဓိ၊ ထူးမြတ်၊ ရန်ပိုင်တို့နဲ့ ရိုက်ကူးထားပါတယ်။
#Tyron #BanyarBhonePyae #AcademySoeMyatThuzar #KhineHninWai #YuThandarTin #YadanarBo #ရတနာဗို #အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေး #AungThiriProduction #အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု #မောင့်မိဖုရားဇာတ်ကား





