၇.၂.၂၀၂၆
Written By Thandar
ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြတဲ့ “Myanmar Academy Fashion Award မြန်မာ့အကယ်ဒမီ ဖက်ရှင်ဆုရှင် ၄ ဦးအနေနဲ့ နေတိုး၊ မေသန်းနု၊ ကောင်းမြတ်စံနဲ့ ရတနာဗိုတို့ ရရှိခဲ့ပါတယ်။
“ဒိုင်လူကြီးများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီကရင်အမျိုးသားဝတ်စုံလေးကို ချုပ်လုပ်ပေးတဲ့ ကိုငြိမ်းကိုလည်း ကျေးဇူးတင်ပါတယ်။ အွန်လိုင်းက ကြည့်ပြီးအားပေးတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကရင်အမျိုးသား တိုင်းရင်းသားဝတ်စုံလေးကို ဝတ်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်လို့ ပြောကြားရင် ကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် ကောင်းမြတ်စံက ပြောပါတယ်။
အဆိုပါ Myanmar Academy Fashion Award မြန်မာ့အကယ်ဒမီ ဖက်ရှင်ဆုတွေကို အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုအကြီးတန်းဆု အကယ်ဒမီ နေတိုး၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆု မေသန်းနု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှု အမျိုးသားဆု ကောင်းမြတ်စံနဲ့ အကောင်းဆုံး ဝတ်စားဆင်ယင်မှု အမျိုးသမီးဆု ရတနာဗိုတို့ကို ဆုတံဆိပ်တွေနဲ့ စိန်နန်းတော်က စိန်လက်စွပ်၊ စိန်နားကပ်တွေကို ပေးအပ်ချီး မြှင့်ခဲ့ကြပါတယ်။
#နေတိုး #မေသန်းနု #ကောင်းမြတ်စံ #ရတနာဗို #NayToe #MayThanNu #KaungMyatSan #YadanarBo #MyanmarFashion #FashionAward #MyanmarAcademyFashionAward #2025FashionAward






