၇.၂.၂၀၂၆
Written By Thandar
မင်းမဟာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို နေမျိုးအောင်က ရရှိခဲ့ပါတယ်။
“အနုပညာရှင် အတတ်ပညာတွေနဲ့ အကယ်ဒမီအတွက် အကဲဖြတ်ပေးတဲ့ ဘုတ်အဖွဲ့ဝင်များ ကျွန်တော်ချစ်သော သူများ၊ တီဗီဖန်သားပြင်က ကြည့်နေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ဗျာ။ မြစ်လက်တက်အဖွဲ့သားတွေ ပါဝင်ကြတဲ့ သရုပ်ဆောင်များ၊ အနုပညာ အစ်ကိုများ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ဗျာ။ ကျွန်တော့် သူငယ်ချင်းဖြစ်စေချင်တဲ့ ဆုကိုရပါပြီဗျာ။ ကျွန်တော့် သူငယ်ချင်း နေတိုးကို ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော့်ရဲ့ အနုပညာသက်တမ်း နှစ် ၃၀ ပြည့်ခဲ့ပါပြီ။ ကျွန်တော် အနုပညာလုပ်ချိန် မငြီးငြူးပဲလုပ်တဲ့ အာဗြဲစိန်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့် သားနဲ့ သမီးလည်း ပျော်နေမယ်လို့ ထင်ပါတယ်ဗျာ”လို့ သရုပ်ဆောင် နေမျိုးအောင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဝတ္ထု၊ ဇာတ်လမ်း ဆောင်းလုလင်၊ ဇာတ်ညွှန်း ဖြိုးသဉ္ဇာကျော်၊ Art Director သားညီ၊ ဒါရိုက်တာ ပီကေက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီများရှင် နေတိုး၊ နေမျိုးအောင်၊ ညီနန္ဒ၊ ဗီတာ မင်၊ သံသာညီ၊ ဗွာဗွား၊ မေမီလင်း၊ ရဲလေးမ၊ ဧည့်သည်သရုပ်ဆောင် အေးဝတ်ရည်သောင်းတို့နဲ့ ရိုက်ကူးထားသလို အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
#NayToe #AyeThaung #NayMyoAung #ThantharNyi #NyiNanda #မြစ်လက်တက်ပေမဲ့ရေစီးကကြမ်းတယ် #MyanmarActor #MinMaharProduction #အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု #နေမျိုးအောင် #မြစ်လက်တက်ပေမဲ့ရေစီးကကြမ်းတယ်


