၇.၂.၂၀၂၆
Written By Thandar
အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ မိဘမေတ္တာနဲ့ လူငယ်တွေရဲ့ချစ်ခြင်းဇာတ်လမ်းပုံစံ “မောင့်မိဖုရား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ခိုင်နှင်းဝေရရှိခဲ့တာဖြစ်ပါတယ်။
“ပြန်ကြားရေးဝန်ကြီးဌာနလူကြီးမင်းတွေ၊ ရုပ်ရှင်အစည်းအရုံးမှ အဖွဲ့ဝင်များ၊ အကယ်ဒမီ အကယ်ဖြတ်များအားလုံး၊ Single Mom အနေနဲ့ မွေးထုတ်ပေးခဲ့တဲ့ မိခင်နဲ့ ရုပ်ရှင်လောကထဲရောက်အောင်ခေါ်ခဲ့တဲ့ အဒေါ်မြင်မြင့်ခိုင်၊ ဦးလေးကိုလည်း ကျေးဇူးတင်ပါတယ်။ မောင်မိဖုရားရိုက်ကူးပြီး ဒေါ်မြညိုကာရိုက်တာဖြစ်ခွင့်ပေးတဲ့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကို ကျေးဇူးတင်ပါတယ်။ ညီမလေး ဒါရိုက်တာ မင်းမယ်ဘုံကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ကလေးတွေလည်း သူ့တို့အမေ ရုပ်ရှင်မင်းသမီးဆိုတာကို ဒီရုပ်တုလေးပြခွင့်ရလို့လည်း ကျေးဇူးတင်ပါတယ်။ မကောင်းတဲ့သူတွေကြုံတွေ့ခဲ့ရသလို ကောင်းတူဆိုးဘက်ဘေးနားက အမြဲရှိနေပေးတဲ့ ဇင်မင်းအောင်ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ခိုင်နှင်းဝေက ပြောပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်လမ်း လူညိုချောနဲ့ မယ်မင်းဘုံ၊ ဇာတ်ညွှန်း သီလံတို့က ရေးသားပြီး ဒါရိုက်တာမယ်မင်းဘုံက သရုပ်ဆောင်တွေအနေနဲ့ တိုင်ရွန်၊ ဗညားဘုန်းပြည့်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ခိုင်နှင်းဝေ၊ ယုသန္တာတင်၊ ရတနာဗို၊ အကယ်ဒမီမြတ်ကေသီအောင်၊ အကယ်ဒမီ ခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ သီဟတင်အောင်မိုး၊ အိမ့်ကြာဖြူ၊ ဒေါ်နန်းခမ်းဝါ၊ ဒေါ်ဒယ်ဘီ၊ စင်သီယာ၊ အေးမို့မို့ဇော်၊ မင်းသိဒ္ဓိ၊ ထူးမြတ်၊ ရန်ပိုင်တို့ ရိုက်ကူးထားပါတယ်။
#Tyron #BanyarBhonePyae #AcademySoeMyatThuzar #KhineHninWai #YuThandarTin #YadanarBo #ခိုင်နှင်းဝေ #အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေး #AungThiriProduction #အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု #မောင့်မိဖုရားဇာတ်ကား



