၇.၂.၂၀၂၆
Written By Thandar
Hein Production က နာမည်ကြီး ဆရာကြီးလယ်တွင်းစောချစ်ရဲ့ အတ္ထုပ္ပတ္တိကို အခြေခံပုံဖော်ထားတဲ့ “ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး” ရုပ်ရှင်ဇာတ်ကားကြီးက ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။
“ဒီဇာတ်ကားက ကျွန်တော်ရယ်၊ မိတ်ဆွေ Hein Production၊ M Production ရယ် ပူးပေါင်းရိုက်ကူးခဲ့တာပါ။ ဒီထက်ကိုလည်း ပိုကောင်းတဲ့ကားတွေ ဖန်တီးသွားပါမယ်လို့ ပြောချင်ပါတယ်”လို့ Hein Production ကိုယ်စား အကယ်ဒမီ မြင့်မြတ်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဝတ္ထု လယ်တွင်းသားစောချစ်၊ ဇာတ်ညွှန်း သက်ဦးမောင်ကရေးသားပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ၂၀၂၄ ခုနှစ်က မန္တလေးတိုင်းဒေသကြီး ပုပ္ပါးနယ်ဘက် ကျောက်မီးရွာမှာ ပုံဖော်ရိုက်ကူးခဲ့တာပါ။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ မြင့်မြတ်၊ နက္ခတ်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အကယ်ဒမီမေ မြင့်မိုရ်၊ ဘုန်းရှိန်ခန့်၊ အောင်ပိုင်၊ ကျော်မိုးပိုင်၊ နှင်း၊ လွန်းခြယ်၊ မေသက်ကျော်၊ ပြုံးဟန်သာကို၊ ပြည့်ကောင်းစုသန့်၊ ကေညီ၊ ဇော်မှိင်း၊ ညီဂျော်၊ ဇော်ဝင်းမောင်၊ မောင်မောင်မျိုးသန့်၊ ရွှေအိုး၊ တင်ငြိမ်း(ရှုမဝ)၊ဇော်ကြီး၊ စန်းစန်းဝင်း၊ ဝင်းမင်းသန်း စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
#MyintMyat #လယတွင်းသားစောချစ် #classicnovels #maymyintmo #soepyaethazin
#ပန်းမြိုင်လယ်မှဥယျာဥ်မှူး #heinproduction #Mproduction #အကောင်းဆုံးဇာတ်ကားဆု




