၇.၂.၂၀၂၆
Written By Thandar
အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ မိဘမေတ္တာနဲ့ လူငယ်တွေရဲ့ချစ်ခြင်းဇာတ်လမ်းပုံစံ “မောင့်မိဖုရား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို သီလံက ရရှိခဲ့ကြပါတယ်။
“ဘုံ့ကို မြေတောင်မြှောက်ပေးတဲ့ စေတနာစာပေက ဦးကျော်လှိုင်၊ ပထမဦးဆုံး ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာဖြစ်လာအောင် ခွန်အားတွေပေးခဲ့တဲ့ အောင်သီရိထုတ်လုပ်ရေးကို ဂါဝရပြုကန်တော့ပါတယ်။ နောက် ဘုံကို အမေမရှိတော့ပေမယ့် အမေတစ်ယောက်လို စောင့်ရှောက်ပေးတဲ့ မခိုင်နှင်းဝေကိုလည်း ကျေးဇူးတင်ပါတယ်။ ဘုံ့သူငယ်ချင်း ဆုအိမ့်စံကိုလည်း ကျေးဇူးတင်ပါတယ်။ ကောင်းမွန်တဲ့ ဇာတ်ညွှန်းတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်အောင်လို့ ရိုက်ကူးပါ့မယ်ရှင့် ”လို့ မယ်မင်းဘုံက ပြောပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်လမ်း လူညိုချောနဲ့ မယ်မင်းဘုံ၊ ဇာတ်ညွှန်း သီလံတို့က ရေးသားပြီး ဒါရိုက်တာ မယ်မင်းဘုံက သရုပ်ဆောင်တွေအနေနဲ့ တိုင်ရွန်၊ ဗညားဘုန်းပြည့်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ခိုင်နှင်းဝေ၊ ယုသန္တာတင်၊ ရတနာဗို၊ အကယ်ဒမီမြတ်ကေသီအောင်၊ အကယ်ဒမီ ခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ သီဟတင်အောင်မိုး၊ အိမ့်ကြာဖြူ၊ ဒေါ်နန်းခမ်းဝါ၊ ဒေါ်ဒယ်ဘီ၊ စင်သီယာ၊ အေးမို့မို့ဇော်၊ မင်းသိဒ္ဓိ၊ ထူးမြတ်၊ ရန်ပိုင်တို့က ပါဝင်ထားကြပါတယ်။
“ကိုယ့်ကိုယ်တိုင်တောင် ဆက်မရိုက်ချင်တဲ့ ရင်ထဲမှာစို့ပြီးဖြစ်ခဲ့တဲ့ အခြေအနေအထိကို ဒီရုပ်ရှင်ဇာတ်ကားကြီးက ဖြစ်ခဲ့တယ်။ ဘုံ့ရဲ့ အမေကလည်း ဆုံးထားတာမကြာသေးတော့လေ။ အမေနဲ့ ပတ်သက်တဲ့ ဇာတ်ဝင်ခန်းတွေဆို ခံစားချက်တွေက ပိုပြီးထိလွယ်ရှလွယ်တာပေါ့နော်။ မခိုင်နှင်းဝေ ဇာတ်ဝင်ခန်းတွေကို ကိုယ့်ကို Emotional အရမ်းဖြစ်စေခဲ့တာပါ” လို့ ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။
#Tyron #BanyarBhonePyae #AcademySoeMyatThuzar #KhineHninWai #YuThandarTin #YadanarBo
#အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေး #AungThiriProduction #အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု #သီလံ #မောင့်မိဖုရားဇာတ်ကား





