၇.၂.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၄ နာရီခွဲကနေပြည်တော်ရှိ MICC – 1 ကျောက်စိမ်းခန်းမမှာကျင်းပခဲ့ရာ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုနဲ့ အကောင်းဆုံး ရုပ်ရှင်အသံဆုရှင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
“ကျွန်တော်ကို မွေးပေးတဲ့ အမေနဲ့ အမေကို ကျေးဇူးတင်ပါတယ်။ ကင်မရာတွေရိုက်နိုင်အောင်လုပ်ပေးတဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကင်မရာသေချာရိုက်ကူးနိုင်ဖို့ သင်ကြားပေးတဲ့ ဒါရိုက်တာ ဦးမီးပွားကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ရုပ်ရှင်တေးဂီတဆုရှင် ကိုသာကျော်က ပြောပါတယ်။
အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို နှင်းပွင့်စေရာရုပ်ရှင်ဇာတ်ကားနဲ့ ကိုသာကျော်၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို ဟန်ထူးဇင်က မြစ်လက်တက်ပေမဲ့ရေစီးကကြမ်းတယ်နဲ့ရရှိပြီး အကောင်းဆုံး ရုပ်ရှင်အသံဆုကိုတော့ ကိုဂျိုးကို နတ်ဝင်သည်ရုပ်ရှင်ဇာတ်ကားနဲ့ ပေးအပ်ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။
#အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု #အကောင်းဆုံး #ရုပ်ရှင်တေးဂီတဆု #အကောင်းဆုံးရုပ်ရှင်အသံဆုရှင် #TharLKyaw #HanHtooZin #KoJoe #နတ်ဝင်သည် #မြစ်လက်တက် #နှင်းပွင့်စေရာ




