၇.၂.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီခွဲကစ နေပြည်တော်ရှိ MICC – 1 ကျောက်စိမ်းခန်းမမှာ ကျင်းပရာ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာဆုကို သုံးဦး ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာ ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာထူးချွန်ဆု မင်းသားကြီး ဦးဌေးအောင်၊ မင်းသမီးကြီး ဒေါ်ခင်လေးဆွေနဲ့ ဦးကြည်စိုးထွန်းတို့က ရရှိခဲ့ကြပါတယ်။
“အနုပညာရှင်တွေရော လူကြီးမင်းတွေအားလုံးကို မင်္ဂလာလို့ ကျွန်မက နှုတ်ခွန်းဆက်သပါတယ်။ ကျွန်မအသက်ကြီးအဘွားကြီး ၉၅ နှစ်ရှိပါပြီ။ ကျွန်မ အသက် ၁၅ နှစ်၊ ၁၆ နှစ်ကတည်းက အနုပညာခေါင်းဆောင် ရိုက်ခဲ့တာ ကျွန်မပဲဖြစ်ပါတယ်။ အဲ့အချိန် ခေတ်အဆက်ဆက်ရိုက်ကူးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ခုနောက် ပိုင်း နားနေတာတော့ ကြာပါပြီ။ ဒီလိုတစ်သက်တာဆုကို ရရှိခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ”လို့ မင်းသမီးကြီး ဒေါ်ခင်လေးဆွေက ပြောပါတယ်။
အဲဒီနောက် နိုင်ငံတော် ယာယီသမ္မတကြီး ကိုယ်တိုင်တက်ရောက်ပြီး ရုပ်ရှင်တစ်သက်တာဆုရှင်တွေကို ဆုတွေပေးအပ်ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။
#ရုပ်ရှင်တစ်သက်တာဆုရှင် #KhinLaySwe #MyanmarActor #HtayAung #KyiSoeTun #2025Academy #၂၀၂၅အကယ်ဒမီ








