၇.၂.၂၀၂၆
Written By Thandar
မင်းမဟာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ Heavy Drama ဇာတ်လမ်းပုံစံ “မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုကို နေတိုးရမယ်လို့ ပရိသတ်တွေက အကယ်ဒမီတစ်ပြေးအနေနဲ့ ခန့်မှန်းထားကြပါတယ်။
“စာရေးဆရာ ဆောင်းလုလင်ရဲ့ယခင် ဝတ္ထုတိုမူရင်းဟာ အင်မတန် ပြည့်စုံပါတယ်။ ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ရာမှာ အရမ်းလည်းကောင်းခဲ့တဲ့ ဇာတ်လည်းဖြစ်ပါတယ်။ နေတိုးက မိန်းမလျာတစ်ယောက် ကာရိုက်တာနဲ့ မိမိဘဝကို အနစ်နာခံပြီး တူ၊ တူမတွေကို အမေလိုတစ်မျိုး၊ ဦးလေးလိုတစ်ဖုံ တစ်သက်တာ ထမ်းပိုးစောင့်ရှောက်ခဲ့တဲ့ နတ်ကတော်အဖြစ် အံ့ဝင်ခွင်ကျအောင် သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။
အဆိုပါ ဇာတ်ကားကို ဝတ္ထု၊ ဇာတ်လမ်း ဆောင်းလုလင်၊ ဇာတ်ညွှန်း ဖြိုးသဉ္ဇာကျော်၊ Art Director သားညီ၊ ဒါရိုက်တာ ပီကေက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီများရှင် နေတိုး၊ နေမျိုးအောင်၊ ညီနန္ဒ၊ ဗီတာမင်၊ သံသာညီ၊ ဗွာဗွား၊ မေမီလင်း၊ ရဲလေးမ၊ ဧည့်သည်သရုပ်ဆောင် အေးဝတ်ရည်သောင်းတို့နဲ့ ရိုက်ကူးထားသလို အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
ထပ်ဆင့်အကယ်ဒမီနေတိုးက အမျိုးသားဇာတ်ဆောင်ဆုတွေကို ၂၀၀၉ ခုနှစ်က မိုးညအိပ်မက်မြူ ရုပ်ရှင်ဇာတ်ကားကြီး၊ ၂၀၁၅ ခုနှစ်က နက္ခတ်မှားတဲ့တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီး၊ ၂၀၁၇ ခုနှစ်က တာတေကြီး ရုပ်ရှင် ဇာတ်ကားကြီး၊ ၂၀၂၄ ခုနှစ်က နှောင်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုလေးဆုရရှိထားပြီး ယခု ၂၀၂၅ ခုနှစ်သာတစ်ကြိမ် ထပ်မံရရှိပါက ငါးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖြစ်လာမှာလည်း ဖြစ်ပါတယ်။
#ထပ်ဆင့်အကယ်ဒမီနေတိုး #မြစ်လက်တက်ပေမဲ့ရေစီးကကြမ်းတယ် #ဒါရိုက်တာပီကေ #ဇာတ်ညွှန်းဖြိုးသဉ္ဇာကျော် #NayToe #AyeThaung #NayMyoAung #ThantharNyi #NyiNanda #MyanmarActor #MinMaharProduction #မြစ်လက်တက်ပေမဲ့ရေစီးကကြမ်းတယ်ရုပ်ရှင်ဇာတ်ကားကြီး






