၇.၂.၂၀၂၆
Written By Thandar
ယနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ နေပြည်တော်ရှိ MICC-1 မှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ ပွဲတက်ဖက်ရှင်ပုံရိပ်တချို့ကို MT Entertainment က တစ်ဆင့် တင်ဆက်လိုက်ရပါတယ်-
“မြန်မာမိန်းခလေးတစ်ဦးရဲ့ ဖြူစင်ရှင်းသန့်မှု၊ ကျက်သရေရှိမှုတို့ကို ကိုယ်စားပြုတဲ့ အဖြူရောင်လေးနဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ ခန့်ညားမှုတို့ကို ကိုယ်စားပြုပြီး ရတနာတွေထဲမှာ တန်ဖိုးကြီးမားတဲ့ နီလာရောင်လေးကို Crystal, ဖန်ဆစ်, ဖန်ချောင်းများစွာဖြင့် အနုစိပ်ဖန်တီးပုံဖော်ပေးထားပါတယ်။ ၂၀၂၆ အကယ်ဒမီပွဲတက်ဖို့ ဝါဆို့အတွက် သေချာလေးအချိန်ပေးပြီး ချုပ်လုပ်ပေးထားပါတယ်”လို့ ဒီဇိုင်နာ Zippy က ပြောပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ချမ်းမင်းရဲထွဋ်၊ ပိုင်တံခွန်၊ကျော်ထက်နဲ့ ရွှေအိမ်မင်း၊ ဝေရှိုင်း၊ ဗီတာမင်၊ ဗညားဘုန်းပြည့်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီ၊ ခင်ဝင့်ဝါ၊ စိုးမိုးကြည်၊ မိုးဟေကို၊ ရတနာဗို၊ ဖူးစုံ၊ ခြူးလေး၊ ဝါဆိုမိုးဦး၊ မေဂရေ့စ်၊ ဟန်နာ၊ ယမုံမြင့်မြတ်၊ မေမီကိုကို၊ ဆုထက်၊ ဝိုင်းစုခိုင်သိန်း၊ ဒီး၊ မြတ်ရတနာကျော်၊ Aငြိမ်းဖြူ၊ ယွန်းဝတီလွင်မိုး၊ လင်းလက်ခွန်းချို၊ သင်းသဲဗို စတဲ့သူတွေ အလှစုံ ပြင်ဆင်ထားကြလည်း တွေ့ရပါတယ် –
#ကျော်ထက် #ရွှေအိမ်မင်း #ဝေရှိုင်း #စိုးမိုးကြည် #ဖူးစုံ #ဝါဆိုမိုးဦး #ဟန်နာ #ယမုံမြင့်မြတ် #SoePyaeThazin #KhinWintWar #YadanarBo #WarSoMoeOo #Vitamin #၂၀၂၅အကယ်ဒမီ #ပွဲတက်ဖက်ရှင် #MyanmarFashion #MyanmarAcademyFashion




