၇.၂.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၄ နာရီခွဲက နေပြည်တော်ရှိ MICC – 1 ကျောက်စိမ်းခန်းမမှာ ကျင်းပပြုလုပ်မယ့်ပွဲကို နေတိုးတို့ ဇနီးမောင်နှံကတော့ မြန်မာလက်မှုအနုပညာတွေကို Inspiration ရယူပြီး ယနေ့ခေတ်ဖက်ရှင်ပုံစံနဲ့ လျော်ညီအောင် ဖန်တီးထားတဲ့ Elegant Look ဒီဇိုင်းတွေနဲ့ တက်ရောက်လာပါတယ်။
“မြန်မာ့လက်မှုအနုပညာတွေကို Inspiration ရယူတဲ့ ယနေ့ခေတ်ဖက်ရှင်ပုံစံနဲ့ လျော်ညီအောင် ဖန်တီးထားတဲ့ ရိုးရာအလှနဲ့ ခေတ်ရေစီးကြောင်းသက်ဝင်မှုတို့ကို တပြိုင်နက်တွေ့မြင်ရပြီး မျက်စိပသာဒဖြစ်စေတယ်လို့ ထင်မြင်ပါတယ်။ ကျွန်တော်ဖန်တီးထားတဲ့ ဝတ်စုံမှာ ရှေးခေတ်အရောင်စပ်ဟန်တွေကို လေ့လာပြီး ဆန်းသစ်တဲ့ ဖန်တီးမှုတွေ၊ ပိုးထည်နဲ့ Patternကို အနုစိတ်စွာ သေချာလေး အချိန်ယူဖန်တီးထားပြီး မြန်မာမှု မြန်မာ့ဟန် မပျောက်ကွယ်စေဖို့ မြင်ရသူတွေအတွက် ခမ်းနားတဲ့ Elegant Look ဖြစ်စေဖို့ ရည်ရွယ်ပြီး ဂရုတစိုက်နဲ့ ဖန်တီးပေးထားတာပါ”လို့ ဒီဇိုင်နာ Shar Tra က ပြောပါတယ်။
ဝတ်စုံတစ်ခုလုံးရဲ့ အရောင်တွဲဖက်မှု၊ လှပတဲ့ Detail ကျမှုတွေနဲ့ ခမ်းနားမှုတို့ကို ရှေးခေတ်ဝတ်စားဆင်ယင်ထုံးဖွဲ့မှုကို Inspiration ယူထားပြီး ဝတ်ဆင်သူကို ဂုဏ်ကျက်သရေတိုးစေအောင် တန်ဖိုးရှိအောင် အနုစိတ်ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီအကယ်ဒမီပေးပွဲမှာ Luxury, Tradition & Contemporary ပေါင်းစပ်မှုနဲ့ ကိုနေတိုးနဲ့ ဇနီး သဲသဲအတွက် ဖန်တီးထားတဲ့ SHARTRA Couture ရဲ့ အကယ်ဒမီပွဲတက်ဝတ်စုံကိုမြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
#NayToe #သဲသဲ #နေတိုး #Elegantlook #SharTra
#FashionAward #2025Academy



