၇.၂.၂၀၂၆
Written By Thandar
ယနေ့ ဖေဖော်ဝါရီ ၇ရက် ညနေပိုင်းမှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကို တက်ရောက်ကြမယ့် အနုပညာရှင်တွေထဲ ခိုင်နှင်းဝေက ကျောက်စီပန်းချီချိတ်ဝတ်စုံလေးနဲ့ ပွဲတက်ဖက်ရှင်လေးကို မျှဝေလာပါတယ်။
“၂၀၂၅ ခုနှစ် အကယ်ဒမီ ကျောက်စီပန်းချီချိတ် ပွဲတက်ဝတ်စုံလေးအတွက် ဝတ်စုံလှလှလေး ချုပ်ပေးပါတဲ့။ ကိုငြိမ်းကို ချုပ်လုပ်ပေးတာပါ။ လက်ဝတ်ရတနာကို ပြည့်စုံသျှင်ရဲ့ ရတနာတွေ ဆင်မြန်းပေးပါတယ်။ အမြဲစီစဉ်ပေးတဲ့ ယဉ်လင်းလင်းကျော်တို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။
ခိုင်နှင်းဝေအတွက် အကယ်ဒမီပွဲတက် ဖက်ရှင်ပိုင်း ဒီဇိုင်နာ ငြိမ်းကို၊ လက်ဝတ်ရတနာတွေကို ပြည့်စုံသျှင်နဲ့ မိတ်ကပ် စောရတနာ၊ ဆံထုံးပိုင်း လှလှလေးကို မြင့်မော်ဦး၊ သဇင်ပန်း ခါတော်မှီက ဖန်တီးပေးထားကြတယ်လို့ သိရပါတယ်။
#ခိုင်နှင်းဝေ #KhineHninWai #NyeinKo #၂၀၂၅အကယ်ဒမီ #ပွဲတက်ဖက်ရှင်




