၇.၂.၂၀၂၆
Written By Thandar
ယနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကို တက်ရောက်ကြမယ့် အနုပညာရှင်တွေရဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်တချို့ကို MT Entertainment က တစ်ဆင့် တင်ဆက် လိုက်ရပါတယ် –
“အကယ်ဒမီပွဲတက်ပုလဲဝတ်စုံ အေးမြတဲ့ ပင်လယ်ပြာရောင်နဲ့ မြန်မာ့ပြည်ထွက်ပုလဲကို အဓိကထားပြီး နီလာနဲ့တွဲစပ် ဖန်တီးထားပါတယ်။ ၁၉၆၀ ကျော်နှစ်များဆီ မြန်မာရုပ်ရှင်မင်းသမီးများရဲ့ ခေတ်စားခဲ့တဲ့ ဖက်ရှင်လေးကိုပြန်လည် Inspire ယူပြီး မြန်မာကနုတ်နဲ့ ပေါင်းစပ်ကာ ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်လွင်စေအောင် မြန်မာခါးတောင်ကော့လေးရယ် မြန်မာရင်ဖုံးလေးရယ်နဲ့ အိတ်လေးမှအစ ဖိနပ်အဆုံး ပုလဲလုံးလေးများနှင့် နူးညံ့သိမ်မွေ့စွာ ပေါင်းစပ်ဖန်တီးထားပါတယ်”လို့ ဒီဇိုင်နာ မျိုးမင်းစိုးက ပြောပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ရိုတ၊ ထူးအံ့လွင်၊ ဒါရိုက်တာ မင်းဆက်သစ်၊ ဇော်ရှိုင်းထက်၊ လင်းဇာနည်ဇော်၊ ချောရတနာ၊ နန်းဆုရတီစိုး၊ ဆောင်းယွန်းစံ၊ ယုသန္တာတင်၊ သံစဉ်မောင်၊ ဝေလာရီ၊ စံရတီမိုးမြင့်၊ သံသာမိုးသိမ့်၊ ထက်ထက်ထွန်း၊ ဆုအိမ့်စံ၊ ဒါရိုက်တာမယ်မင်းဘုံ၊ ဝင့်ယမုံနိုင်၊ စနိုးကြည်ဖြူ၊ သံသာမိုးသိမ့်၊ ထွန်းပုလဲရတနာ၊ ကျော်ကျော်အိန္ဒြာ၊ အိအိအောင်ထွန်း@မီးမီး၊ မီကိုခန့်၊ ပြည့်ကောင်းသန့် စတဲ့သူတွေ အလှစုံ ပြင်ဆင်ထားကြလည်း တွေ့ရပါတယ် –
#Rota #HtooAntLwin #ZawShineHtet #LinzarNiZaw #ThanTharMoeTheint #WaiLarRi #၂၀၂၅အကယ်ဒမီ #ပွဲတက်ဖက်ရှင် #MyanmarFashion #MyanmarAcademyFashion





















