၆.၂.၂၀၂၆
Written By Thandar
အိမ်ခြံမြေ ရောင်းမှား၊ ဝယ်မှားတွေ မဖြစ်စေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းက (MRPDA) ရုံးခွဲသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ နည်းပညာတက္ကသိုလ်ကျောင်းရှေ့ ပြည်လမ်းဘေးမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
“ကျွန်တော်တို့အသင်းက မှော်ဘီမြို့နယ်မှာ ပထမဦးဆုံး ရုံးခန်းသစ်ဖွင့်ဖြစ်တာပါ။ ဒီရုံးခန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ မှော်ဘီမြို့နယ်က စည်ပင်သာယာမြို့နယ်ရဲ့ ပြင်ပဖြစ်တဲ့အတွက် အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ စာရွက်စာတန်းကိစ္စတွေ၊ ရောင်းမှားဝယ်မှားတွေ မဖြစ်ရအောင် မေးမြန်းစုံစမ်းနိုင်ဖို့အတွက် ရုံးခွဲကိုဖွင့်လှစ်လိုက်တာပါ။ ကျွန်တော်တို့ရဲ့ အသင်းမှာ အသင်းသား ၆၀ ကျော်ရှိပြီးတော့ လက်ရှိလည်ပတ်နေကြတာလည်းဖြစ်ပါတယ်” လို့ MRPDA ဒုတိယဥက္ကဋ္ဌ ကိုထက်အောင်က MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားကို မှော်ဘီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးလွင်မိုးအောင်၊ မှော်ဘီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌဦးပြည့်ဖြိုးမောင်၊ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ရန်ကုန်တိုင်းက တိုင်းဥက္ကဋ္ဌ ဦးဘိုနီဝင်းစတဲ့ တာဝန်ရှိသူတွေ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
ဒီအသင်းမှာတော့ အသင်းသား/သူ အယောက် ၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။ မှော်ဘီရုံးခန်းကိုတော့ အိမ်ခြံမြေ စုံစမ်းလိုသူအတွက် နံနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိလိုအပ်သလို ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။
#ကိုထက်အောင် #ဦးစိန်မြင့် #ဦးဘိုနီဝင်း #မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း #မှော်ဘီခရိုင် #MRPDA #HtetAung #USeinMyint #UBoNiWin






