




၁.၂.၂၀၂၆
Written by Nay Yaung Linn
နယ်သာလန်နိုင်ငံ၊ ICJ မှ ယနေ့၊ နံနက် ၁၀ နာရီခန့်တွင်ပြန်လည်ရောက်ရှိလာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။




အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် သွားရောက်ဖြေရှင်းခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရားရုံးတွင် ရက် ၂၀ ကျော်ကြာဖြေရှင်းဆောင်ရွက်မှုများပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ သံဃာတော်များ၊ ပြည်သူများနှင့် ဌာနဆိုင်ရာ အသင်းအဖွဲ့များက လေဆိပ် VIP ဝင်/ထွက်ပေါက်မှ တစ်ဆင့် လေဆိပ်လမ်းတစ်လျှောက် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။




