၃၀.၁.၂၀၂၆
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ၊ မြို့တော်တိုကျို ရဲ့ ယူအီနို (Ueno) ခရိုင်က လမ်းတစ်ခုပေါ်မှာ သံသယရှိသူ သုံးဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က အမျိုးသားငါးဦးပါအဖွဲ့ကို လုယက်ခဲ့ပြီး ယန်းငွေ သန်း ၄၂၀ ခန့်ပါတဲ့ ခရီးဆောင်အိတ်တွေကို ဇန်နဝါရီလ ၂၉ ရက် ညက ယူဆောင်ထွက်ပြေးသွားခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးရေး သတင်းရင်းမြစ်တွေက ပြောကြားခဲ့ကြပါတယ်။
လုယက်သူတွေလို့ သံသယရှိရသူတွေဟာ ခရီးဆောင်အိတ်တွေကိုလုယက်ပြီး အခင်းဖြစ်ပွားရာနေရာမှ အလျင်အမြန်ထွက်ပြေးကြတုံးမှာ သူတို့ရဲ့ကားက မသက်ဆိုင်သူတစ်ဦးကို ဝင်တိုက်မိခဲ့သေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် ထိုသူမှာ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ ဒဏ်ရာတွေတော့ မရရှိခဲ့ဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

လုယက်သူတွေက ခရီးဆောင်အိတ်တွေကို ယူဆောင်ထွက်မပြေးမီ အိတ်ပိုင်ရှင်အမျိုးသားတွေကို ငရုတ်ကောင်းအရည်ဘူးနဲ့ ဆေးဖြန်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အခုလိုလုယက်ထွက်ပြေးမှုက ဒေသစံတော်ချိန် ည ၉:၃၀ နာရီခန့်မှာ ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။
လုယက်ခံရသူတွေထဲမှာ အနည်းဆုံး တရုတ်နိုင်ငံသားတစ်ဦး ပါဝင်တယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ကြပါတယ်။
အဆိုပါ လုယက်မှုက ဂျေအာ အိုကာချီမာချီ (JR Okachimachi) ဘူတာရုံအနီး တေတိုး (Taito) ရပ်ကွက်ရှိ ဧရိယာတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။
ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးက “အိုကာချီမာချီ အနီးတစ်ဝိုက်မှာ လက်ဝတ်ရတနာဆိုင်တွေ ပြည့်နှက်နေပြီး အရင်ကလည်။ ဒီလိုလုယက်မှုဖြစ်ရပ်တွေ မြင်တွေ့ခဲ့ရဖူးတယ်”လို့ ပြောကြားခဲ့ပြီးဖြစ်ရပ်ကြောင့် သူမမှာကြာက်ရွံ့ထိတ်လန့်ခဲ့ရတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
Ref- Bangkok Post
