၃၀.၁. ၂၀၂၆
Written By Thandar
ပေါ့ပါးပြီး ဖက်ရှင်ကျကျ အလှဆုံးဝတ်ဆင်ချပြတဲ့ The Best One ရဲ့ Fashion on Carnival 2.0 ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ Junction City Promotion Area မှာ ကျင်းပခဲ့ရာ ပရိသတ်အချစ်တော်အနုပညာရှင်တွေများစွာ စည်ကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြပါတယ်။
“The Best One ကတော့ မိုးတို့နဲ့ဆိုရင် မိသားစုလိုဖြစ်နေတယ်။ ပွဲတက်တွေဆိုရင်လည်း တွေ့တယ်။ အပြင်မှာလည်း Personality အရလည်း အရမ်းခင်တယ်။ အရမ်းကို Supporting တွေပေးတဲ့ Family တစ်ခုဆိုတော့လေ မိုးအနေနဲ့ ဒီပွဲကိုတက်ရတာ အရမ်းကျေနပ်ပီတိဖြစ်ရပါတယ်။ ဒီတစ်ခေါက်မှာဆိုရင် အကုန်လုံး စိတ်ဝင်စားကြတဲ့ အနုပညာရှင်တွေ အကုန်လုံးလည်းပါသလို တကယ့်ကို အခမ်းအနားလို လုပ်ထားတဲ့အတွက်ကြောင့် မိုးအနေနဲ့ စီနီယာအမတွေ တွေ့ရမှာမို့လည်း ရင်ခုန်ရပါတယ်။ မိုးရဲ့ ဖက်ရှင်က Sweet Style ကို မြင်နေကြမဟုတ်တဲ့ ပုံစံလေးလုပ်ထားတယ်။ မြင်နေကြမဟုတ်တဲ့ပုံစံလေးကို မိုး Change ထားတာပါ။ ဒီနေ့ Fashion on Carnival 2.0 ဖက်ရှင်ပွဲကို ကြည့်လိုက်ရတာ အရမ်းလည်း ကျေနပ်မိပါတယ်”လို့ အလှမယ် သရုပ်ဆောင် မြင့်မြတ်မိုးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ နန်းဆုရတီစိုး၊ မေဂရေ့စ်၊ ရွှေအိမ်စည်၊ ဒီး၊ မြင့်မြတ်မိုး၊ Mဆိုင်းလူ၊ မိတ်ကပ်ခင်စန်းဝင်း၊ ဟန်နာ၊ Titans, Queens စတဲ့သူတွေ တက်ရောက်ခဲ့သလို The Best One ရဲ့ ဖက်ရှင်တွေနဲ့ Show Round တွေ ချပြခဲ့ပါတယ်။
ဒါ့အပြင် နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ရတနာမိုင်၊ ဝိုင်းစုခိုင်သိန်းတို့နဲ့ အာဒံဦး၊ ဇော်ရှိုင်းထက် စတဲ့သူတွေက တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့သလို ဒီဇိုင်နာတွေဖြစ်တဲ့ ဒီဇိုင်နာ မြတ်နိုးခင်၊ ဒီဇိုင်နာ ယုဝတ်ရည်စတဲ့သူတွေရဲ့ ဖက်ရှင်တွေကို အကောင်းဆုံး တင်ဆက်ချပြခဲ့ကြပါတယ်။
The Best One ရဲ့ Fashion on Carnival 2.0 ပွဲအနေနဲ့ အဝတ်အထည်တွေ အားလုံးကို ၈၀ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ မေတ္တာလက်ဆောင်တွေကို ဒီနေ့ ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ Junction City မှာ ဆက်လက်ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
#NanSuYatiSoe #WyneSuKhineThein #𝐌𝐚𝐲𝐆𝐫𝐚𝐜𝐞𝐏𝐚𝐫𝐫𝐲 #𝐒𝐡𝐰𝐞𝐄𝐚𝐢𝐧𝐒𝐢 #𝐃𝐞𝐞 #𝐌𝐲𝐢𝐧𝐭𝐌𝐲𝐚𝐭𝐌𝐨𝐞 #YadanarMy #𝐓𝐡𝐞𝐁𝐞𝐬𝐭𝐎𝐧𝐞 #𝐅𝐚𝐬𝐡𝐢𝐨𝐧𝐂𝐚𝐫𝐧𝐢𝐯𝐚𝐥𝟐.𝟎 #TheBestOne #MyanmarCele









