၂၉. ၁. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၇၉ ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် (၂၅/၂၀၂၆) ဖြင့် ယနေ့တွင် ကြေညာထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတို့က အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၉(ခ)နှင့်အညီ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်.
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ကချင်ပြည်နယ် မဲအများဆုံးရသူအနိုင်ယူစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး၊ အချိုးကျကိုယ်စားပြုစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦးနှင့် ကချင်ပြည်နယ်ပြည်သူပါတီမှ ၁ ဦးတို့ အနိုင်ရရှိခဲ့သည်။







ကရင်ပြည်နယ် မဲအများဆုံးရသူအနိုင်ယူစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး၊ အချိုးကျကိုယ်စားပြုစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ ၂ ဦး၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ၁ ဦးနှင့် ပအိုဝ်းအမျိုးသားညီညွှတ်ရေးပါတီမှ ၁ ဦး အနိုင်ရရှိခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁ ဦး၊ အချိုးကျကိုယ်စားပြုစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁ ဦးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၁ ဦးတို့ အနိုင်ရရှိခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၃ ဦး၊ အချိုးကျကိုယ်စားပြုစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၃ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂ ဦးနှင့် ပြည်သူ့ပါတီမှ ၁ ဦး အနိုင်ရရှိခဲ့သည်။
ပဲခူးတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၅ ဦး၊ အချိုးကျကိုယ်စားပြုစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၄ ဦးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂ ဦး အနိုင်ရရှိခဲ့သည်။
မန္တလေးတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၅ ဦး၊ အချိုးကျကိုယ်စားပြုစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၃ ဦးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၃ ဦး အနိုင်ရရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၅ ဦး၊ အချိုးကျကိုယ်စားပြုစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၃ ဦးနှင့် ပြည်သူ့ပါတီမှ ၃ ဦး အနိုင်ရရှိခဲ့သည်။
ရှမ်းပြည်နယ် မဲအများဆုံးရသူအနိုင်ယူစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁ ဦးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ ၁ ဦး၊ အချိုးကျကိုယ်စားပြုစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၄ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ ၁ ဦးနှင့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ၁ ဦး အနိုင်ရရှိခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး မဲအများဆုံးရသူနိုင်ယူစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၆ ဦး၊ အချိုးကျကိုယ်စားပြုစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၄ ဦးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂ ဦး အနိုင်ရရှိခဲ့သည်။
