၂၈.၁.၂၀၂၆
Written By Thandar
ရုပ်ရှင်မင်းသမီး သတို့သမီး မေပန်းချီနဲ့ သတိုသား မောင်မျိုးကိုကိုတို့ရဲ့ မွန်ရိုးရာထုံးတမ်းအစဉ်အလာအရ ထိမ်းမြားမင်္ဂလာပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“ပျော်ရွှင်စရာ မိသားစုလေးပိုင်ဆိုင်ပါစေ။ နှစ်ယောက်သားက ထပ်တူလည်းကျတယ်။ သူတို့ကို ကြည့်ရတာ ကြည့်နူးဖို့လည်း ကောင်းတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာကို မြင်ရတာမို့ နှစ်ယောက်သား ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုမွန်တောင်းပေးပါတယ်”လို့ အကယ်ဒမီ ချောရတနာက ပြောပါတယ်။
အဆိုပါ အခမ်းအနားကိုတော့ သတို့သား၊ သတို့သမီးအရံအနေနဲ့ စည်သူဝင်း၊ ဗညားဘုန်းပြည့်၊ ကောင်းမြတ်စံ၊ ညိမ်းသော်၊ ဝင့်ယမုံနိုင်၊ ဝေလာရီ၊ ခြူးစစ်ဟန်၊ သဇင်ထူးမြင့် စတဲ့သူတွေက လုပ်ဆောင်ပေးခဲ့ပါတယ်။
အနုပညာအသိုင်းအဝိုင်းက နေမျိုးအောင်တို့ ဇနီမောင်နှံ၊ အကယ်ဒမီ အောင်ခိုင်နဲ့ ဝါဝါအောင် ဇနီးမောင်နှံ၊ သရုပ်ဆောင် သွန်းဆက်တို့ ဇနီးမောင်နှံ၊ ညီထွဋ်ခေါင်၊ ဒါရိုက်တာ မယ်မင်းဘုံ၊ ခိုင်နှင်းဝေ၊ အိချောပို၊ မေသန်းနု၊ မိုးပြည့်ပြည့်မောင်တို့ စုံတွဲ၊ စစ်နိုင်၊ စည်ဖြိုးစတဲ့သူတွေအပြင် ဖိတ်ကြားထားတဲ့ ဧည်သည်တော်တွေနဲ့ စည်ကားစွာကျင်းပခဲ့ပါတယ်။
#မေပန်းချီ #မျိုးကိုကို #𝐌𝐚𝐲𝐏𝐚𝐧𝐂𝐡𝐞 #𝐌𝐲𝐨𝐊𝐨𝐊𝐨 #မွန်ရိုးရာ #ထိမ်းမြားမင်္ဂလာ #MyanmarWedding #CeleWedding















