







၂၅.၁.၂၀၂၆
Written by NYL
သာကေတမြို့နယ်၊ ၁/ထူပါရုံ ရပ်ကွက်ရှိ အထက (၁) သာကေတကျောင်းတွင် ဖွင့်လှစ်ထားသည့် ဆန္ဒမဲရုံ သုံးရုံတွင် ပြည်သူများ ဆန္ဒမဲပေးနေသည့် မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)တွင် ရန်ကုန်တိုင်းဒေသကြီး၌ ၁၇ မြိုနယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး နံနက် ၆ နာရီတွင် မဲရုံများစတင်ဖွင့်လှစ်ကာ ညနေ ၄ နာရီအထိ ဆန္ဒမဲပေးနိုင်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရွေးကောက်ပွဲကျင်းပမည့် ၁၇ မြိုနယ်မှာ ဒဂုံ ၊ လမ်းမတော် ၊ ဆိပ်ကြီး/ခနောင်တို ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၊ မင်္ဂလာတောင်ညွန့် ၊ သာကေတ ၊ ရန်ကုန် ၊ မြောက်ဥက္ကလာပ ၊ တာမွေ ၊ ရန်ကင်း ၊ ကျောက်တန်း ၊ ခရမ်း ၊ သုံးခွ ၊ စမ်းချောင်း ၊ လှိုင်သာယာ(အနောက်ပိုင်း) ၊ လှိုင်သာယာ(အရှေ့ပိုင်း) တိုဖြစ်ကြောင်း သိရသည်။
