



၂၅.၁.၂၀၂၆
Written by NYL
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း Mr. Pisanu Suvanajata ဦးဆောင်သည့် ထိုင်းနိုင်ငံမှ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွင်းရှိ မဲရုံများသို့ ယနေ့ နံနက် ၁၀ နာရီခန့်က လာရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ ထိုင်းလေ့လာရေးအဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးမှ တာဝန်ရှိသူများလိုက်ပါ၍ မဲရုံများသို့ လိုက်လံပြသခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း Mr. Pisanu Suvanajata သည် NCA ၁၀ နှစ်ပြည့်အခမ်းအနားတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Sihasak Phuangketkeow ကိုယ်စား တက်ရောက် မိန့်ခွန်းပြောကြားခဲ့သူလည်း ဖြစ်သည်။




၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကို ဇန်နဝါရီ ၂၅ ရက်၊ နံနက် ၆ နာရီက စတင်၍ ကျင်းပလျက်ရှိသည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)တွင် ရန်ကုန်တိုင်းဒေသကြီး၌ ၁၇ မြိုနယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး နံနက် ၆ နာရီတွင် မဲရုံများစတင်ဖွင့်လှစ်ကာ ညနေ ၄ နာရီအထိ ဆန္ဒမဲပေးနိုင်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရွေးကောက်ပွဲကျင်းပမည့် ၁၇ မြိုနယ်မှာ ဒဂုံ ၊ လမ်းမတော် ၊ ဆိပ်ကြီး/ခနောင်တို ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၊ မင်္ဂလာတောင်ညွန့် ၊ သာကေတ ၊ ရန်ကုန် ၊ မြောက်ဥက္ကလာပ ၊ တာမွေ ၊ ရန်ကင်း ၊ ကျောက်တန်း ၊ ခရမ်း ၊ သုံးခွ ၊ စမ်းချောင်း ၊ လှိုင်သာယာ(အနောက်ပိုင်း) ၊ လှိုင်သာယာ(အရှေ့ပိုင်း) တိုဖြစ်ကြောင်း သိရသည်
