




၂၅.၁.၂၀၂၆
Written by NYL
တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ကျောက်မြောင်းလမ်းရှိ မြန်မာ့ရိုးရာ ခြင်းလုံးရုံအတွင်း ပြုလုပ်ထားသည့် အမှတ်(၂) ဆန္ဒမဲပေးရုံသို့ ယနေ့ နံနက် ၁၀ နာရီခန့်က ဆန္ဒမဲလာရောက်ပေးနေမှု မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။
အဆိုပါ တာမွေမြို့နယ်ရှိ အမှတ်(၂) မဲရုံတွင် မဲဆန္ဒရှင် ကျား ၄၆၇ ဦး၊ မ ၅၈၁ ဦး စုစုပေါင်း ၁၀၄၈ ဦးရှိကြောင်း သိရသည်။




၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)တွင် ရန်ကုန်တိုင်းဒေသကြီး၌ ၁၇ မြိုနယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး နံနက် ၆ နာရီမှစတင်ကာ မဲရုံများဖွင့်လှစ်ပြီးနောက် ဆန္ဒမဲပေးနေခြင်းလည်းဖြစ်သည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၆၁ ခု၌ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပ်ိုင်း)၊ လှိုင်သာယာ (အရှေ့ပိုင်း) စသည့် ၁၇ မြို့နယ်တွင် ကျင်းပနေခြင်းဖြစ်သည်။
