







၂၅.၁.၂၀၂၆
Written by Thiri
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရေဥက္ကံကျေးရွာအုပ်စုအတွင်း အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံ အမှတ် ၁၊ ၂၊ ၃ မှာ ဆန္ဒမဲလာရောက်ပေးနေကြတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။
စက်ရုံဝန်ထမ်းများပြားတဲ့ အဆိုပါ ရပ်ကွက်အတွင်း စက်ရုံတချို့ကလည်း လုပ်ငန်းခွင်ဝင်ရမယ့် အလုပ်ချိန်ကို ပုံမှန် ၈ နာရီ ဝင်ရမယ့်အစား တစ်နာရီနဲ့ မိနစ်သုံးဆယ် နောက်ဆုတ်ပေးထားခြင်းနဲ့ ဆန္ဒမဲပေးဖို့ ပူးပေါင်းပါဝင်ပေးကြတယ်လို့လည်း လာရောက်မဲပေးတဲ့ အသက် နှစ်ဆယ်ကျော်အရွယ် ပီနံအိတ်စက်ရုံမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အဆိုပါ မဲရုံ အမှတ် ၁ ၊ ၂၊ ၃ မှာ ဆန္ဒမဲပေးမယ့် လူဦးရေ ၁၈၀၀ ကျော်ရှိပြီး မနက်ပိုင်းအတွင်း ဆန္ဒမဲလာရောက်ပေးသူဦးရေက မဲရုံ သုံးရုံစုစုပေါင်းကို ၇၀၀ နီးပါး လာရောက်ဆန္ဒမဲပေးထားကြောင်းလည်း မဲရုံမှူးတွေထံကနေ သိရပါတယ်။
