








၂၅. .၁.၂၀၂၆
Photo by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့တွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်ရပ်ကွက်ခွဲ (၁၄) အတွင်း ဆန္ဒမဲပေးနေမှုများအား ရန်ကုန်အခြေစိုက် ထိုင်းသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E.Mr. Mongkol Visitstump လာရောက်လေ့လာခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်ရပ်ကွက်ခွဲ (၁၄)အတွင်းရှိ အမှတ် (၆) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းအတွင်း ပြုလုပ်ထားသည့် မဲရုံများသို့ ထိုင်းသံအမတ်ကြီးက လာရောက်လေ့လာခဲ့ခြင်းဖြစ်သည်။
ထိုင်းသံအမတ်ကြီးက မဲပေးနေမှုအခြေအနေများ၊ မဲလာရောက်ပေးသည့်အရေအတွက်များ၊ မဲရုံပြင်ဆင်ထားမှုများနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများကလည်း ရှင်းပြခဲ့ခြင်းဖြစ်သည်။
