




၂၅. ၁. ၂၀၂၆
Photo by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့တွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၁၃၃ ရပ်ကွက်နှင့် အမှတ် ၁၂၅ ရပ်ကွက်တို့တွင် လာရောက်မဲပေးသူများပြားလျက်ရှိသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၁၃၃ ရပ်ကွက်ရှိ အ.မ.က (၁၉) ကျောင်းဝန်းနှင့် အမှတ် ၁၂၅ ရပ်ကွက်ရှိ အ.မ.က (၂၁) ကျောင်းဝန်းများအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် မဲရုံများသို့ ဆန္ဒမဲလာရောက်မဲပေးသူ များပြားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။





၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၆၁ ခု၌ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပ်ိုင်း)၊ လှိုင်သာယာ ( အရှေ့ပိုင်း) စသည့် ၁၇ မြို့နယ်တွင် ကျင်းပနေခြင်းဖြစ်သည်။
