၂၂.၁.၂၀၂၆
Written By Thandar
ရွှေနဒီရွှေရည် ထုတ်လုပ်ရေးက စတင်ရိုက်ကူးတော့မယ့် အိမ်ထောင်ရေးအချစ်ဇာတ်လမ်းပုံစံ”မေပယ် ကျွန်တော်နှင့်မိုး” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၂ ရက် နံနက် ၈ နာရီက ဗိုလ်တထောင်ဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ဇင်က “မေပယ် ကျွန်တော်နှင့်မိုး”ဇာတ်ကားမှာ ခင်သစ္စာဆိုတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်နေရာက ပါဝင်ထားပါတယ်။ အိမ်ထောင်တစ်ခုမှာ အချစ်တစ်ခုထဲနဲ့ တည်ထောင်လို့မရလို့ နားလည်မှုတွေ၊ သစ္စာရှိမှုတွေ လေးစားမှုတွေ တကယ်တော့ လိုအပ်ပါတယ်။ ပရိသတ်တွေအနေနဲ့ အရမ်းလောင်ရမယ့်ဇာတ်မျိုးမဟုတ်ဘဲ ရသတစ်မျိုးလေးတော့ ပေးမှာပါ”လို့ သရုပ်ဆောင် သဇင်နွယ်ဝင်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဒါရိုက်တာ ဘုန်းသက်ပိုင်စိုးက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အောင်မင်းခန့်၊ အုပ်စိုးခန့်၊ စံရတီမိုးမြင့်၊ သဇင်နွယ်ဝင်း၊ မင်းဟိဏ်း၊ သီဟတင်အောင်စိုး၊ ဝါဝါမေမောင်၊ ဆုထက်ကုဋေ၊ ယွန်းဝင့်လွှာအောင်၊ စီလာဝင်း စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
#အောင်မင်းခန့် #အုပ်စိုးခန့် #စံရတီမိုးမြင့် #သဇင်နွယ်ဝင်း #AungMinKhant #OakSoeKhant #SanYadiMoeMyint #ရွှေနဒီရွှေရည်ထုတ်လုပ်ရေး









