၂၂. ၂. ၂၀၂၃
Written by Pan Ei

လာမဲ့ မေလ ၆ ရက်မှာ ဗြိတိန်ဘုရင် King Charles III ရဲ့ နန်းတက်ပွဲကို ကျင်းပပြုလုပ်မှာဖြစ်ပြီး နန်းတက်ပွဲအပြီး မေလ ၇ ရက်မှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ ဖျော်ဖြေပွဲအတွက် Adele နဲ့ Ed Sheeran တို့ကို ဖိတ်ကြားခဲ့ပေမယ့် နှစ်ယောက်စလုံးက ငြင်းဆိုခဲ့ကြပါတယ်။

ပွဲစီစဉ်သူတစ်ဦးရဲ့ အဆိုအရ “ဘုရင်က သူဖျော်ဖြေစေချင်တဲ့ လူအတော်များများကို အကြံပြုထားပြီး Adele နဲ့ Ed Sheeran တို့လည်း အဲဒီစာရင်းမှာ ပါဝင်တယ်” လို့ သိရပါတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးက ငြင်းဆိုခဲ့တာကြောင့် ဘုရင်ကြီးရဲ့ ဂုဏ်သိက္ခာပိုင်း အနည်းငယ် ထိခိုက်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။

Ed Sheeran ကတော့ ပွဲနေ့မတိုင်ခင်မှာ တက္ကဆက်ပြည်နယ်မှာ ဖျော်ဖြေဖို့ရှိနေတာကြောင့်နဲ့ ဖျော်ဖြေပွဲရက်တွေတိုက်နေပြီး အချိန်ညှိဖို့ အဆင်မပြေတာကြောင့်လို့ ငြင်းဆိုထားပြီး Adele ကတော့ မတ်လ ၂၅ ရက်နေ့နောက်ပိုင်း ဘယ်ဖျော်ဖြေပွဲကိုမှ လက်ခံဖို့အစီအစဉ်မရှိတာကြောင့်လို့ဘဲ ငြင်းဆိုခဲ့ပါတယ်။

နန်းတက်ပွဲအတွက် ဖျော်ဖြေမယ့် အနုပညာရှင်တွေကို အတည်ပြုမကြေညာရသေးပေမယ့် Lionel Richie၊ Spice Girls နဲ့ Harry Styles တို့ ပါဝင်လာနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Ref; Yahoo

Leave a Reply

Your email address will not be published. Required fields are marked *

Related News