၁၇.၁.၂၀၂၆
Writer & Photo – Linn Eain
ကျောက်တန်းမြို့နယ်ရှိ ပီလခတ် စရီအန်ဂါလဲ အီ(စ်)၀ရီ-စရီ မဟာမူနီ(စ်)၀ရရ် ဟိန္ဒူဘုရားကျောင်း၏ (၁၆၁) ကြိမ်မြောက် အထူးပူဇော်ပွဲနှင့် ဟိန္ဒူရိုးရာနွားလွှတ်ပွဲတော်ကို ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းကတည်းက စတင်ကျင်းပလျက်ရှိသည်။
ဟိန္ဒူဘုရားရှိခိုးကျောင်းတွင် လာရောက်ပူဇော်သူ များပြားလျက်ရှိပြီး မွန်းလွဲ ၁ နာရီခွဲတွင် စတင်ပြုလုပ်မည့် နွားလွှတ်ပွဲတော်အတွက် ပြင်ဆင်လျက်ရှိသည့် မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။









