၁၆.၁.၂၀၂၆
Written By Thandar
အနုပညာကို ဝါသနာပါသူတွေကို မြေတောင်မြှောက်ပေးတဲ့ Cloud Seven Production & Entertainment ရဲ့ Founder & CEO ကိုဇွဲခန့်အောင်ရဲ့ မွေးနေ့ပွဲနဲ့အတူ ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာရှင်တွေရဲ့ ကဏ္ဍတွေကို မိတ်ဆက်ပွဲကြီးကို ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့အခမ်းအနားလေးကတော့ ကျွန်တော့်ကို မွေးဖွားတဲ့နေ့လေးဖြစ်သလို ကျွန်တော့်ကပြန်ပြီးတော့ မွေးဖွားလိုက်တဲ့ Cloud Seven ရဲ့နေ့လည်းဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့အချိန်လေးမှာ အားလုံးအတူရှိနေပေးကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ Cloud Seven ကိုယုံကြည်ပေးကြတဲ့ ညီလေး၊ ညီမလေးတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့တွေရဲ့ မိသားစုဝင်တွေ ယုံကြည်မှုတွေကြောင့် ကျွန်တော့်မိသားစုလေးတစ်ခုလို အနုပညာအလုပ်တွေ လုပ်ဆောင်ဖို့ဖြစ်လာခဲ့တာပါ။ အနုပညာပတ်သက်ပြီး ဂီတပိုင်း၊ သရုပ်ဆောင်ပိုင်း စတာတွေကို အကောင်းဆုံးတင်ဆက်သွားမှာပါ ”လို့ Cloud Seven Production & Entertainment ရဲ့ Founder & CEO ကိုဇွဲခန့်အောင်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီမြင့်မြတ်၊ အကယ်ဒမီမို့မို့မြင့်အောင်၊ အကယ်ဒမီမေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီအေးမြတ်သူ၊ အကယ်ဒမီ မြတ်ကေသီအောင်၊ နန်းဆုရတီစိုး၊ ဆောင်းယွန်းစံ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။ Cloud Seven က မွေးထုတ်လိုက်တဲ့ တက်သစ်စအနုပညာရှင်တွေက အဆိုတော် နေနေသီဆိုတဲ့ တေးသီချင်းတွေနဲ့ ကပြခဲ့တာဖြစ်ကြသလို အဆိုတော် နီနီခင်ဇော် တက်ရောက်ပြီး Birthday အမှတ်တရတေးသီချင်းသီဆိုခဲ့ပါတယ်။ ဒါ့ပြင် ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်တက်ရောက်ပြီး တေးသီချင်းတွေ က,ပြသီဆိုဖျော်ဖြေခဲ့တာလည်း ဖြစ်ပါတယ်။
#ဇွဲခန့်အောင် #ZweKhantAung
ThinzarWintKyaw #AyeMyatThu #NanSuyatiSoe #NiNiKhinZaw #OfficialLaunchingEvent #CloudSevenProductionandEntertainment #CloudSeven #MyanmarCele #MyanmarSinger











