သက်တံ့
၁၅. ၁. ၂၀၂၆
မြန်မာနိုင်ငံမှ အော်ပရေတာတစ်ခုဖြစ်သော U9 သည် ထိုင်းနိုင်ငံ၏ အကြီးဆုံး မိုဘိုင်းလ်ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော True Corp ၏ မြန်မာနိုင်ငံအခြေစိုက် လုပ်ငန်းခွဲနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းလိုက်ပြီဖြစ်သည်။
ပူးပေါင်းရခြင်း ရည်ရွယ်ချက်မှာ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးပေးချေမှုများကို ပိုမိုလွယ်ကူချောမွေ့စေမည့် ဒီဂျစ်တယ်ဝန်ဆောင်မှုများ ပေးအပ်ရန်ဖြစ်သည်။
U9 နှင့် TrueMoney Myanmar တို့သည် အသေးစားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်နှင့် လက်တွေ့ကျသော ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်ရန် ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ကြခြင်းလည်းဖြစ်ပြီး ထုတ်ပြန်ချက်တွင် U9 ၏ CEO ဖြစ်သူ ဒေါ်ယဉ်ယဉ်ဌေးက ယခုပူးပေါင်းမှုသည် “ဒီဂျစ်တယ်ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်မည့် အခွင့်အလမ်းကို ဖန်တီးပေးခြင်း” ဖြစ်ကာ စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း ဖောက်သည်အများအပြားထံ ပိုမိုရောက်ရှိစေရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
TrueMoney Myanmar ကလည်း ၎င်းတို့၏ X (ယခင် Twitter) စာမျက်နှာတွင် “ကျွန်ုပ်တို့သည် နေ့စဉ်ဘဝကို အထောက်အကူပြုစေရန်၊ စီးပွားရေးလုပ်ငန်းများကို အားကောင်းလာစေရန်နှင့် မြန်မာနိုင်ငံတစ်ဝန်း ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် နည်းလမ်းများအတွက် အတူတကွ လုပ်ဆောင်နေပါသည်” ဟု ဖြည့်စွက်ဖော်ပြခဲ့သည်။
TrueMoney Myanmar သည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဒစ်ဂျစ်တယ်ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းကို True ၏ မိခင်ကုမ္ပဏီဖြစ်သော CP Group လက်အောက်ခံ Ascend Group မှ စီမံခန့်ခွဲသည်။
၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့သော Ooredoo Group သည် ၎င်း၏ အစုရှယ်ယာများကို စင်ကာပူအခြေစိုက် Nine Communications သို့ ၂၀၂၂ ခုနှစ်အတွင်း ရောင်းချခဲ့ပြီးနောက် သုံးနှစ်အကြာ၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် အမှတ်တံဆိပ်အမည်သစ် U9 အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
Ref : Mobile World Live
