၁၃.၁.၂၀၂၆
Written by Linn Eain
ရွှေတိဂုံစေတီတော်တွင် CCTV Camera ၂၄၈ လုံး ထပ်တိုးတပ်ဆင်မည်ဖြစ်၍ အိတ်ပိတ်တင်ဒါခေါ်ယူလျက်ရှိကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြေညာထားသည်။
အဆိုပါ အိတ်ပိတ်တင်ဒါကို ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လက်ရှိအသုံးပြုနေသော Smart Intelligent and Surveillance CCTV System Maintenance ဆောင်ရွက်ရန်၊ CCTV Camera ၂၄၈ လုံး ထပ်တိုးတပ်ဆင်ရန်နှင့် ထပ်တိုးတပ်ဆင်မည့် ကင်မရာများအား လက်ရှိစနစ်အတွင်းပေါင်းထည့်ကာ ချိတ်ဆက်တပ်ဆင်အသုံးပြုရန် လုပ်ငန်းအပ်နှံခြင်းအတွက် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လက်ရှိအသုံးပြုနေသော Smart Intelligent and Surveillance CCTV System အား Maintenance ဆောင်ရွက်ရန်၊ ထပ်တိုး တပ်ဆင်ရန်နှင့် ထပ်တိုးတပ်ဆင်မည့် ကင်မရာများအား လက်ရှိစနစ်အတွင်း ပေါင်းထည့်ကာ ချိတ်ဆက် တပ်ဆင်အသုံးပြုရန် လုပ်ငန်းအပ်နှံခြင်းအတွက် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ CCTV Camera ၂၄၈ လုံးကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူတပ်ဆင် အသုံးပြုမည်ဖြစ်ပြီး စိတ်ဝင်စားသူများအနေဖြင့် အဆိုပြုလွှာပုံစံနှင့် စည်းကမ်းချက်တစ်စုံလျှင် ငွေကျပ် ၁၀၀,၀၀၀/- နှုန်းဖြင့် ဂေါပကအဖွဲ့ရုံး၊ တာဝန်မှူးရုံးခန်းရှေ့တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။
အဆိုပြုလွှာပုံစံနှင့် စည်ကမ်းချက်ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ ရုံးချိန်အတွင်း ကိုယ်တိုင် လာရောက်ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် – ၀၁၈ ၃၇၅၇၆၇၊ ၀၁၈ ၃၇၁၀၈၉ တို့သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။


