ပုံစာ။ ဒုတိယအကြိမ်ရွေးကောက်ပွဲနေ့က မဲပေးနေကြသော ပြည်သူများပုံရိပ်။
သက်တံ့
၁၂. ၁. ၂၀၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဒေါ်အောင်ဆန်းစုကြည်၏ နယ်မြေဟောင်းဖြစ်သော ကော့မှူးမြို့နယ်အပါအဝင် ရန်ကုန်မြို့ ပြည်သူ့လွှတ်တော်နေရာ ၁၆ နေရာတွင် ၁၅ နေရာ အနိုင်ရရှိကြောင်း ယနေ့ (တနင်္လာနေ့) တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
တပ်မတော်က ဦးဆောင်ကျင်းပနေသော တစ်လကြာ ရွေးကောက်ပွဲ၏ ဒုတိယအဆင့်ကို ဇန်နဝါရီ ၁၁ ရက် (တနင်္ဂနွေနေ့) က ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ အနိုင်ရကြောင်း ပြောဆိုလာခြင်းဖြစ်သည်။


USDP ပါတီသည် ရန်ကုန်တိုင်းအတွင်းရှိ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) အမတ်နေရာ ၁၆ နေရာအနက် ကော့မှူးမြို့နယ် အပါအဝင် ၁၅ နေရာတွင် အနိုင်ရသည်ဟု ပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားလာခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သော ပထမအဆင့် ရွေးကောက်ပွဲတွင်လည်း USDP က နေရာ ၉၀ ရာခိုင်နှုန်းခန့် အနိုင်ရထားကြောင်း သိရသည်။
NLD ပါတီ၏ မဲမသမာမှုကြောင့် တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်း ခွဲ၍ ကျင်းပနေခြင်းဖြစ်ပြီး နောက်ဆုံးအဆင့်ကို ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။
ACLED ၏ ထုတ်ပြန်ချက်အရ မြန်မာ့နိုင်ငံမှ စစ်ပွဲများအတွင်း သေဆုံးသူ ၉၀,၀၀၀ ခန့် ရှိနေပြီဖြစ်ပြီး ရွေးကောက်ပွဲ ပထမအဆင့် ကျင်းပသည့် ဒီဇင်ဘာ ၂၈ ရက် တစ်ရက်တည်းတွင်ပင် တိုက်ခိုက်မှုပေါင်း ၅၂ ကြိမ် ဖြစ်ပွားခဲ့ကာ ၆၈ ဦး သေဆုံးခဲ့သည်။ ထို့အတူ ဒုတိယအကြိမ်ရွေးကောက်ပွဲနေ့ဖြစ်သည့် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း မြိုနယ်ထွေအုပ်များကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကံမမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းနိုင်နှင့် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ခရိုင်လက်ထောက်ညွန့်ကြားရေးမှူး ဦးနေထွန်းသန်း ဗုံးစထိမှန်သေဆုံးခဲ့သည့်အပြင် နေရာအများအပြားတွင် ပစ်ခတ်တိုက်ခိုက်မှူများ ဖြစ်ပွားခဲ့သည်။
Ref : SCMP


