၅.၁.၂၀၂၆
Written By Thandar
MRTV-4 သရုပ်ဆောင်တွေအနေနဲ့ ပရိသတ်ချစ်ခင်မှုရရှိခဲ့တဲ့ သရုပ်ဆောင် သက်ဦးကိုနဲ့ သရုပ်ဆောင် ဆုဝတီတိုရဲ့ ချစ်သူသက်တမ်း ၁၈ နှစ်ကျော်အကြာ ၂၀၂၆ ဇန်နဝါရီလ ၄ ရက်နေ့မှာ မင်္ဂလာဆွမ်းကျွေးပြီး မင်္ဂလာခရီး စတင်လိုက်ပြီးလည်းဖြစ်ပါတယ်။
“အထူးသဖြင့် သူနည်းနည်းဆိုးခဲ့တဲ့ အချိန်တွေမှာလည်း အမက သည်းခံခဲ့တယ်။ ခုနောက်ပိုင်းမှာတော့ သူ့က ဘာသာရေးတွေ ဘာတွေလုပ်လာတယ်လေ။ ခုနောက်ပိုင်း အသောက်အစားတွေလည်း မလုပ်တော့ပါဘူး လိမ္မာလာတာလည်း တွေ့ရတယ်။ ၂၀၀၇ ခုနှစ်ကတည်း ချစ်သူစဖြစ်တာပါ။ ၂၀၂၅ ဆိုရင် ချစ်သူသက်တမ်းက ၁၈ နှစ်ပေါ့နော်”လို့ သရုပ်ဆောင် ဆုဝတီက ပြောခဲ့ပါတယ်။
၂၀၂၅ ခုနှစ် စက်တင်ဘာလပိုင်းကတည်းက စီစဉ်ခဲ့တဲ့ မင်္ဂလာ လက်မှတ်ရေးထိုးပွဲလေးက ဒီဇင်ဘာ၂၅ ရက်မှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ပြီလို့ သိရပါတယ်။ ၂၀၂၆ ဇန်နဝါရီလ ၄ ရက် အမှတ်တရ မင်္ဂလာဦး ဆွမ်းကျွေးအလှူမှာ ဆရာတော်ဆီက တရားတော်နာယူခဲ့ကြပါတယ်။
“ကျွန်တော်တို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးအတွက် ပါဝင်ပေးခဲ့ကြတဲ့ တရားသူကြီးမအေးမို့မို့ခိုင်၊ တရားလွတ်တော်ရှေ့နေ ဦးကျော်ကျော်လှိုင်၊ မင်္ဂလာသက်သေအဖြစ် ကူညီပေးတဲ့ သူငယ်ချင်းဟိန်းဇေနဲ့ ဇနီးမအေးအေးခိုင်၊ မင်္ဂလာမောင်နှံအတွက် စေတနာအပြည့်နဲ့ လုပ်ဆောင်ပေးသူတွေကို ကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် သက်ဦးကိုက ပြောပါတယ်။
#သက်ဦးကို #ဆုဝတီ #Thetooko #suwadi #MRTV4 #MyanmarActor #CeleRelationship #မင်္ဂလာဦးဆွမ်းကျွေး #wedding







