၃. ၁. ၂၀၂၆
Written by MMAK
◾အက်စတွန်ဗီလာ Vs နော်တင်ဟန်ဖောရက်
ဗီလာအိမ်ကွင်းမှာ ဖောရက်လို တန်းဆင်းဇုန်နားက အသင်းကို ဘော်ဒီကြေး တစ်လုံးကိုးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ပေါက်ပါတယ်။ ဒီလိုပေါက်ကြေးတွေက အပေါ်စုံအောင်ဖို့ ခက်ခဲနိုင်ပြီး အောက်ကြေးတစ်ခုတော့ ပြန်စားရတတ်ပါတယ်။ ဗီလာအနေနဲ့ ဘောဒီကြေးကို တစ်လုံး သုံးဆယ်စားလောက် ပေးရမှာ ဖြစ်ပေမဲ့ တစ်ဂိုးသွင်းတာနဲ့ အပြည့်စားရမယ်ဆိုတဲ့ ပေါက်ကြေးက အရမ်းကိုပျော့နေပြီး စဥ်းစားစရာ ကောင်းပါတယ်။ အာဆင်နယ်ကို ဂိုးပြတ်ရှုံးလာတဲ့ ဗီလာအနေနဲ့ အိမ်ကွင်းနိုင်ပွဲ ပြန်ရသွားနိုင်တဲ့ အခြေအနေမှာ ဒီကြေးပေးတာဟာ နေချင်စရာ ကောင်းလွန်းပါတယ်။ ဗီလာက ကြေးပျော့နေရင်လည်း ကြေးအောင်တတ်ပေမဲ့ စနေည အစောဆုံးပွဲမှာ အပေါ်စုံထိုးကျွေးသွားမယ်လို့ မထင်သလို ဗီလာကို တစ်ခြမ်းစောင်းနေတာကြောင့် ဘွတ်ကီတွေလည်း အဒဒီလောက်သဘောမကောင်းပါဘူး။ ဒီကြေးနဲ့ အောင်ချင်လည်း အောင်ပါစေတော့ စာရေးသူအနေနဲ့ကတော့ ဘယ်သူမှ မကြိုက်တဲ့ အောက်အသင်း ဖောရက်ကိုပဲ ရွေးပါတယ်။
◾ဘုန်းမောက် Vs အာဆင်နယ်
ခြေကျနေတဲ့ ဘုန်းမောက်အသင်းအနေနဲ့ အာဆင်နယ်ကို ဒုက္ခပေးနိုင်ဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေပါ။ ဘုန်းမောက်အသင်းက နောက်ဆုံးဆယ်ပွဲဆက် နိုင်ပွဲပျောက်နေချိန်မှာ အာဆင်နယ်က အရမ်းကောင်းနေချိန် ဖြစ်တာကြောင့် အာဆင်နယ်ဘဲ အနိုင်ရသွားဖို့ များပါတယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ပေါက်ပါတယ်။ လက်ရှိခြေစွမ်းနဲ့ ပေါက်ကြေးအရ အာဆင်နယ်အသင်း အနိုင်သေချာနေပြီး ပြားနှစ်ဆယ်နဲ့ အပြည့်စားနဲ့ ရင်းရမယ်လို့ ထင်ပါတယ်။ ဒီကလန်ရိုက်မပါနိုင်လည်း ဇူဘာမန်ဒီ၊ မိုက်မီရာနိုနဲ့ အိုဒီဂတ်တို့ ရှိနေပြီး ဆာကာနဲ့ ယိုကာရက်တို့ရဲ့ တိုက်စစ်အတွဲက ဂိုးရဖို့ မပူရပါဘူး။ ထိုးသားတိုင်း အာဆင်နယ်ကို လောင်းကြမှာ ဖြစ်ပေမဲ့ ဒီအချိန်မှာ ဖိုက်တာလုပ်ပြီး အာဆင်နယ်ကို ဘက်ကန်ပြီးတော့ မရွေးရဲပါဘူး။ အာဆင်နယ်အသင်း အနိုင်သေချာနေပြီး ဂိုးပြတ်မလား မပြတ်ဘူးလားဆိုတာဘဲ စောင့်ကြည့်ရမယ် ထင်တာကြောင့် အာဆင်နယ် ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။





◾ဘရိုက်တန် Vs ဘန်လေ
နောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ဘရိုက်တန်က ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ ဘန်လေကလည်း နောက်ဆုံးဆယ်ပွဲမှာ ရှစ်ပွဲရှုံးပြီး နှစ်ပွဲသရေနဲ့ နှစ်မှတ်သာ ရထားပါတယ်။ ဘန်လေက ခံစစ်အရမ်းညံ့သလို ခြေစွမ်းကလည်း သိပ်မကောင်းတာကြောင့် ဘရိုက်တန်ပေးတဲ့ကြေးက ဖြစ်သင့်တယ်လို့ ပြောလို့ရသလို ဘရိုက်တန်အသင်း နိုင်ပွဲပြန်ရသွားနိုင်တဲ့ ပေါက်ကြေးဖြစ်ပါတယ်။ ဘရိုက်တန်မှာ အဓိက ကစားသမား မီတိုမာ ပြန်ပါလာနိုင်တာကြောင့် တိုက်စစ်ပိုင်း ပိုကောင်းလာနိုင်ပြီး ခံစစ်ညံ့တဲ့ဘန်လေကို သေချာပေါက် ဂိုးရဖို့ ရှိပါတယ်။ ဘရိုက်တန်ကို ရွေးမယ်ဆိုရင် နှစ်ဂိုးပြတ်မှ ကြေးစားရမှာ ဖြစ်တာကြောင့် ဂိုးပေါင်းကြေးကိုလည်း စဥ်းစားရမယ်ဆိုရင် ဂိုးပေါင်းအပေါ်ကိုပါ ထပ်ရွေးရမှာပါ။ အပေါ်စုံရွေးထားရင် အိမ်ရှင်ဘရိုက်တန်အသင်းက အနိမ့်ဆုံးအနေနဲ့ နှစ်ဂိုးရဖို့လိုအပ်နေပြီး တစ်ပွဲကို သုံးဂိုးလောက်ပေးနေရတဲ့ ဘန်လေခံစစ်ကို ဘရိုက်တန်တိုက်စစ်က နှစ်ဂိုးမရစရာ မရှိပါဘူး။ ဒီအတွက်ကြောင့် ဘရိုက်တန်နဲ့ ဂိုးပေါ် ကစားဖို့ ရွေးချယ်ပေးချင်ပါတယ်။
◾ဝုဗ် Vs ဝက်စ်ဟမ်း
ဝုဗ်က တန်းဆင်းဇုန်အထက်က ဖောရက်အသင်းနဲ့ ဆယ့်ငါးမှတ်ထိ ပြတ်နေပြီး ဝက်စ်ဟမ်းကတော့ လေးမှတ်သာ ပြတ်ပါတယ်။ ဝုဗ်က တန်းဆင်းရဖို့ သေချာနေတာကြောင့် ဝုဗ်ကို တွဲမခေါ်ချင်ဘဲ ဝက်စ်ဟမ်းကိုသာ အထက်ကအသင်းတွေနဲ့ အမှတ်မကွာစေချင်ပါဘူး။ ဒီပွဲစဥ်မှာ ဝုဗ်အသင်းက အိမ်ကွင်းဖြစ်နေတာကြောင့် ဘော်ဒီကြေး ပြားတစ်ဆယ် ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံး ပေါက်ပါတယ်။ တန်းဆင်းဇုန်က အသင်းနှစ်သင်း ရုန်းကစားလာမှာ ဖြစ်ပေမဲ့ အမှတ်ကွာလွန်းနေပြီး ခြေစွမ်းညံ့လွန်းတဲ့ ဝုဗ်အသင်းကို မကြိုက်ပါဘူး။ ဝက်စ်ဟမ်းအသင်းမှာ ဘိုဝင်နဲ့ ပါကွယ်တာတို့လို အရည်အသွေးမြင့် ကစားသမားတွေနဲ့ ကော်လန်ဝီဆင်လို ဝါရင့်တိုက်စစ်မှူးတွေ ရှိနေတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ရုန်းအားကို ပိုကြိုက်ပါတယ်။ ဒီပွဲစဥ်မှာ ဝက်စ်ဟမ်းအသင်း မရှုံးနိုင်ဘူးလို့ ယူဆထားပြီး နိုင်စရာရှိရင်လည်း ဝက်စ်ဟမ်းအသင်းပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် အောက်အသင်းဖြစ်တဲ့ ဝက်စ်ဟမ်းဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ပွဲချိန်နီးကပ်လာလို့ ဝက်စ်ဟမ်းအသင်းကနေ ကြေးကြော ပြန်ပေးလာခဲ့ရင် ဝက်စ်ဟမ်းဘော်ဒီကို အပိုင်ရိုက်ဖို့ အကြံပေးချင်ပါတယ်။
◾အက်စ်ပန်ညို Vs ဘာစီလိုနာ
အက်စ်ပန်ညိုနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကတ်တလန်ဒါဘီဟာဆိုရင် ပွဲကောင်းတစ်ပွဲ ဖြစ်လေ့ရှိပြီး အရင်တုန်းက အက်စ်ပန်ညိုအသင်းက တန်းဆင်းဇုန်နားမှာ ရုန်းကန်ရလေ့ရှိပေမဲ့ လက်ရှိအချိန်မှာ အဆင့်ငါးကို ရောက်နေတဲ့ အက်စ်ပန်ညိုအသင်းရဲ့ ခြေစွမ်းကြောင့် ဒီပွဲစဥ်ဟာ အရင်အချိန်က ပွဲတွေထက် ပိုကောင်းတဲ့ ဒါဘီပွဲဖြစ်လာမှာပါ။ အက်စ်ပန်ညိုက လာလီဂါ နောက်ဆုံးငါးပွဲဆက် အနိုင်ရထားသလို ဘာစီလိုနာအသင်းကလည်း နောက်ဆုံးခြောက်ပွဲဆက် အနိုင်ရထားပါတယ်။ ဒီပွဲစဥ်မှာ ဘာစီလိုနာအသင်းက ဘော်ဒီကြေး တစ်လုံးလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံး ပေါက်ပါတယ်။ အက်စ်ပန်ညိုက အိမ်ကွင်းဖြစ်နေတာကြောင့် ဘာစီလိုနာအသင်းကို ဒုက္ခကောင်းကောင်းပေးလာနိုင်ပြီး ဘာစီလိုနာ ခံစစ်က သိပ်မယုံရတာကြောင့် အက်စ်ပန်ညိုအသင်း ဂိုးရဖို့ သေချာသလောက်ရှိပါတယ်။ အက်စ်ပန်ညိုအသင်းသာ ဂိုးရသွားရင် ဘာစီလိုနာအသင်းက သုံးဂိုးသွင်းမှ ကြေးအောင်မှာ ဖြစ်ပြီး တိုက်စစ်ကောင်းတဲ့ ဘာစီလိုနာအသင်းလည်း သေချာပေါက် ဂိုးရနိုင်တာကြောင့် တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရဖို့ ရှိပါတယ်။ ဒိီအတွက်ကြောင့် အက်စ်ပန်ညို ဘော်ဒီနဲ့ ဂိုးပေါ်ကို တွဲကစားမယ်ဆိုရင် အရှုံးမရှိနိုင်ဘူးလို့ ထင်ပါတယ်။
