ဓာတ်ပုံ - ဘညွန့်
နေမိုး
၃၀. ၁၂. ၂၀၂၅
အမြန်လမ်းပေါ်တက်ကာ ပြည်သူများသွားလာမှုအပေါ် နှောင့်ယှက်စစ်ဆေးသော အကြမ်းဖက် PDF များအား “အမြန်ဆော်ကွာ”ဟု အားပေးအားမြှောက်ပြုခဲ့သူကို ဖမ်းဆီးရမိခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ ကနဦးသိရသည်။
ဖြစ်စဉ်မှာ အမြန်လမ်းပေါ်တက်ကာ ပြည်သူများ၏ သွားလာမှုကို အမြဲတစေနှောင့်ယှက်နေသော နွားထိုးကြီး PDF များက ရွေးကောက်ပွဲ မဲပေးသည့် ဒီဇင်ဘာ ၂၈ ရက်တွင် ပြည်သူများ မဲပေးရန် သွားလာကြမည်ဖြစ်သည်ကို သိရှိအနှောင့်အယှက်ပေးရန် အမြန်လမ်းပေါ်တက်ကာ စစ်ဆေးမှုပြုခဲ့သည်။

ထိုသို့ နွားထိုးကြီး PDF များက ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီခန့်အချိန် အမြန်လမ်း မိုင်တိုင် အမှတ် ၃၃၁ နှင့် ၃၃၂ ကြားတွင် ခန့်မှန်းအင်အား ၃၀ ဦးခန့်ဖြင့် တက်ရောက်လာပြီး ခရီးသွားကားများကို ရပ်တန့်စစ်ဆေးနေချိန် EV ကားအဝါရောင်မောင်းနှင်လာသော အမျိုးသားတစ်ဦးက အကြမ်းဖက် PDF များကို “အမြန်ဆော်ကွာ”ဟု အားပေးအားမြှောက်ပြုခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့နှင့် တွေ့ဆုံပြီး ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်များ အထိအခိုက် အကျအဆုံးများစွာဖြင့် နွားထိုးကြီးမြို့နယ်ဘက်သို့ ထွက်ပြေးသွားသဖြင့် လိုက်လံရှင်းလင်းခဲ့ရသည်။
အမြန်လမ်းပေါ် မကြာခဏတက်ကာ ပြည်သူများနှင့် လုံခြုံတပ်ဖွဲ့များကို မကြာခဏတိုက်ခိုက် ဒုက္ခပေးနေသော PDF များမှာ NUG ဩဇာခံ PDF များဖြစ်သော မြင်းခြံခရိုင် တပ်ရင်း (၄) နှင့် တပ်ရင်း (၁၀) ဖြစ်ပြီး ထို PDF များကပင် ယင်းတို့အမြန်လမ်းပေါ်တက်စစ်ဆေးသော ရုပ်သံဖိုင်ကို ဖြန့်ဝေခဲ့ရာမှ EV ကားအဝါရောင်မောင်းနှင်လာသော အမျိုးသားတစ်ဦးက အကြမ်းဖက် PDF များကို “အမြန်ဆော်ကွာ”ဟု အားပေးအားမြှောက်ပြုခဲ့သည်ကို လူမှုကွန်ရက်တွင် ဝေဖန်မှုမြင့်တက်လာပြီးနောက် ကားနံပါတ်နှင့် လိုက်လံစစ်ဆေးဖမ်းဆီးရာမှ အကြမ်းဖက်အားပေးမှုပြုခဲ့သူမှာ လှိုင်မြို့နယ်နေ အိမ်တွင်းအလှဆင်လုပ်ငန်းလုပ်ကိုင်သူ အသက် ၄၉ နှစ်အရွယ် ဘိုဘိုသိန်းဟုလည်းဆိုပြီး လက်ရှိတွင် ဖမ်းဆီးရမိထားသူကို အကြမ်းဖက်များနှင့် ဆက်နွှယ်မှုအပါအဝင် လိုအပ်သလို ဆက်လက်အရေးယူနိုင်ရန် စစ်ဆေးနေသည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ ကနဦးသိရသည်။
ဓာတ်ပုံ – ဘညွန့်
