နေမိုး
၂၆. ၁၂. ၂၀၂၅
ကျိုက်ထီးရိုးဘုရားဖူးများကို ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သော KRF (ကျိုက်ထိုတော်လှန်ရေးအင်အားစု) PDF အဖွဲ့က ကင်ပွန်းစခန်းတွင် အရာခံဗိုလ်တစ်ဦးကို ထပ်မံဖမ်းဆီးပြီး ကားတစ်စီးပါလုယက်လိုက်သည်ဟု ဒီဇင်ဘာ ၂၅ ရက် ရက်စွဲဖြင့် ဝန်ခံထားသည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ဒီဇင်ဘာ ၁ဝ ရက်၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့် အချိန်တွင် ကင်ပွန်းစခန်းကျေးရွာရှိ ကဒက်ချောင်းတွင် ဒုအရာခံဗိုလ် သန်းဝင်းဆိုသူအား ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နှင့် SOF ပူးပေါင်းအဖွဲ့ က သွားရောက်ဖမ်းဆီးခဲ့ကာ ကားတစ်စီးအပြင် ဝတ်ဆင်ထားသော ရွှေငွေများကိုပါ လုယက်သိမ်းယူခဲ့ကြခြင်းဖြစ်သည်။



ကျိုက်ထိုမြို့တစ်ဝိုက်ကို အဓိကကျက်စားကာ ကျိုက်ထီးရိုးဘုရားဖူးများပါမချန် သတ်ဖြတ်နေသည့် PDF အဖွဲ့မှာ NLD ပါတီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိဖြစ်ခဲ့သူ ရဲပြေးအေးမင်းထွန်းဦးဆောင်သော KRF (ကျိုက်ထိုတော်လှန်ရေးအင်အားစု) အဖွဲ့ဖြစ်ပြီး KRF အနေဖြင့် ရဟန်းသံဃာများ သတ်ဖြတ်မှု၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် ဘုရားဖူးပြည်သူ လေးဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့သော ပစ်ခတ်မှုများကျူးလွန်ထားသလို KRF ၏ ထို ကျူးလွန်မှုများအတွင်း အပြစ်မဲ့ ပြည်သူ ၂၀၀ ခန့်သေဆုံးထားသည်။
