၂၁.၁၂.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြို့သစ်)ဆိပ်ကမ်းမြို့နယ်၊ (၆၀) ရပ်ကွက်၊ ဧရာဝဏ်လမ်းသွယ်(၁) တွင် ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက်အစောပိုင်းက ကျုးကျော်တဲ ၁၄ လုံး မီးလောင်မှုမှာ ထင်းမီးဖို မီးကြွင်းမီးကျန်မှ အနီးရှိကာရံထားသော ဗီနိုင်းစများကိုကူးစက်ကာ စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ အလျား ၁၀ ပေ၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊သွပ်ကာ ဝါးခင်းနေအိမ်တစ်လုံးတွင် စတင်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အလျား ၁၀ ပေ၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ သွပ်ကာ ဝါးခင်းနေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

၂၅ မိနစ်ခန့်ကြာမြင့်ခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၈ စီး၊ ရေသယ်ယာဥ် ၈ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီမထိုးမီ မိနစ် ၃၀ အလိုတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ကျုးကျော်တဲအိမ် ၁၄ လုံး မီးလောင်မှုကြောင့် အသက် ၄၃ နှစ်အရွယ် အမျိုးသမီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
