၂၁.၁၂.၂၀၂၅
Written By Thandar
ယနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ရန်ကုန်မြို့၊ သုဝဏ္ဏအမျိုးသား မိုးလုံလေလုံ အားကစားရုံမှာ ကျင်းပတဲ့ Varsity Esports Championship (VEC) 2025 Grand Final ပွဲကြီးမှာ KBTC အသင်းက Champion ဆုနဲ့ ဆုကြေး ငွေ ကျပ်သိန်း ၅၀ကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။
“KBTC ကတော့ ဒီ ပြိုင်ပွဲမှာ အဆင့်ဆင့် အခက်အခဲမျိုးစုံကို ကျော်လွှားပြီးတော့ ဒီ Champion ဆုကို ရရှိလို့လည်း ဝမ်းသာပါတယ်ဗျာ။ တကယ်ဆုရမယ်လို့လည်း ယုံကြည်ထားပါတယ်။ တစ်ဖက်အသင်းကလည်း ၃ နှစ်ဆက်တိုက် ဆုယူထားတဲ့သူကို အပြီးတိုက်ပြီး ယူခဲ့ကြတာပါ။ အတိုင်းမသိ ဝမ်းသာပါတယ်။ ရှေ့ဆက်ပြီးတော့ NEC Sea game မှာသွားရောက်ယှဉ်ပြိုင်သွားဖို့ရှိပါတယ်”လို့ KBTC အသင်းက ပြောပါတယ်။




အဆိုပါ ပြိုင်ပွဲကိုတော့ ဒီဇင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်တို့မှာ မြန်မာနိုင်ငံရဲ့ Esports အားကစား ကဏ္ဍတစ်ခုလုံး ဖွံဖြိုးတိုးတက်လာစေဖို KBZPay အနေနဲ့ နိုင်ငံတွင်း တက္ကသိုလ်ပေါင်းစုံ Esports ပြိုင်ပွဲ (Varsity League) တွေဖြစ်တဲ့ Grand Final မှာ DU, YTU, KBTC, YU အသင်းတွေက အကြိတ်အနယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။
Champion အသင်းက 33rd Southeast Asian Games (SEA Games) ကို တက်လှမ်းနိုင်မယ့် National Esports Championship ပြိုင်ပွဲတွေနဲ့ Esports World Cup Champion (EWC) တွေက ဝင်ရောက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးရဲ့ Varsity Esports Championship ရဲ့ Champion ဆုကို KBTC အသင်းက ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။
