◾️ ပန်းတိုင်အထွက်နှုန်းပြည့်မီစွာ ထွက်ရှိစေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိ
၂၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းတိုင်ရည်မှန်းချက်များပြည့်မီစွာ ဆောင်ရွက်နိုင်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၈ ဘီလျံခန့် ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ မြို့ဖများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ထည့်သွင်းပြောကြားသည်။




စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တစ်ဧကပန်းတိုင် ရည်မှန်းချက်ပြည့်မီစွာ ထွက်ရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေကြသူများကို မြေပြင်ကွင်းဆင်း၍ လိုအပ်ချက်များ သုတေသနပြုမေးမြန်းခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းတိုင်ရည်မှန်းချက်များပြည့်မီစွာ ဆောင်ရွက်နိုင်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၈ ဘီလျံခန့် ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အခြေခံသည့် ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံ့စီးပွားရေး အားကောင်းလာမည်ဖြစ်သကဲ့သို့ သွင်းကုန်ပစ္စည်းများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့အနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများစွာသုံးစွဲနေရကြောင်း၊ ပြည်ခရိုင်အတွင်း စားသုံးဆီဆီဖူလုံမှုမှာ ၅၀၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရှိရပြီး ဆီထွက်သီးနှံများကို ယခုထက်ပိုမိုတိုးတက်အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
