၂၀.၁၂.၂၀၂၅
Written By Thandar
ဖေဖေ သီဟလွင်၊ မေမေအဆိုတော်စန္ဒီမြင့်လွင်တို့ရဲ့ သားငယ်လေး သတိုးသီဟ တစ်နှစ်ပြည့် မွေးနေ့ အလှူအနေနဲ့ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ ခိုင်နှင်းဝေ ရင်သွေးလေး များဂေဟာမှာ Petal For Kids နဲ့အတူ သွားရောက်လှူဒါန်းခဲ့ပါတယ်။






“ ဒီနေ့ ဒီးဒီတို့ရဲ့ သတိုးလေးက တစ်နှစ်ပြည့်မှာ Paing Phyo Thiha Co.,Ltd ကထုတ်တဲ့ Petal ကလေး product လေးက သတိုးလေးစာချုပ်ချုပ်ထားတာ တစ်နှစ်ရှိပါပြီ။ Brand Ambassador ပုံစံလေးပါ။ သတိုး ဗိုက်ထဲမှာရှိကတည်းက သားလေးကိုချစ်လို့ဆိုပြီးတော့ တစ်နှစ်လုံးလုံး Petal နဲ့ လက်တွဲခဲ့ကြတာပါ။ တစ်နှစ်စာချုပ် ပေးပြည့်ပါပြီ။ သူတို့ဘက်က အလှူလေးလုပ်ကြမယ်ဆိုပြီး လုပ်ဖြစ်ခဲ့ကြတာပါ။ မခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ ကလေးပစ္စည်းလေးတွေ လာလှူဖြစ်တာပါ။ ဒီးဒီရဲ့ ကလေးလေး နှစ်ယောက်စလုံးလည်း အသုံးပြုကြတာဆိုတော့လေ။ ကလေးအတွက်လည်း ကိုက်ညီတယ်ဆိုတော့ လှူဖြစ်တာပါ ”လို့ အဆိုတော် စန္ဒီမြင့်လွင်က ပြောပါတယ်။
အဆိုပါ မွေးနေ့အလှူအနေနဲ့ Petal For Kids & Thadoe Thiha by Paing Phyo Thiha Trading Co.,Ltd က မျက်နှာသစ်၊ Safe Baby Moisture Sun Lotion ၊ Sun Cream၊ နှုတ်ခမ်းနီ အစရှိတာလေးတွေကို စန္ဒီမြင့်လွင် မိသားစုနဲ့အတူ ပျော်ရွှင်စွာ သွားရောက်လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့က သတိုးသီဟလေးရဲ့ မွေးနေ့မှာလည်း မိသားစုက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ရှစ်မိုင်၊ မစိုးရိမ်ဘုန်းကြီးကျောင်းမှာ အလှူအတန်းတွေလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
