၂၀. ၁၂. ၂၀၂၅
Written by MMAK
◾နယူးကာဆယ် Vs ချဲလ်ဆီး
နှစ်သင်းလုံး ကြားရက်မှာ လိဂ်ဖလားပွဲကစားခဲ့ရပြီး နှစ်သင်းလုံးအနိုင်ရကာ နောက်တစ်ဆင့်တက်ခဲ့ကြပါတယ်။ နယူးကာဆယ်က အိမ်ကွင်းကောင်းတဲ့ အသင်းမျိုးဖြစ်ပြီး နယူးကွင်းမှာ ချဲလ်ဆီးအနိုင်မရတာ သုံးနှစ်ကျော်နေတာကို တွေ့ရသလို အရင်အချိန်တွေကတည်းက နယူးကွင်းမှာဆို ချဲလ်ဆီးအသင်း ခက်ခက်ခဲခဲ ကစားရလေ့ရှိပါတယ်။ ချဲလ်ဆီးမှာ ကိုးလ်ပါးမား၊ ကိုင်စီဒို၊ ဖိုဖာနာတို့ ပြန်ပါလာနိုင်တာကြောင့် လူစုံကစားနိုင်ပြီး အဒီအတွဲအဖက်က ဂိုးရဖို့ သိပ်မပူရပါဘူး။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ ဘော်ဒီကြေး ပြားနှစ်ဆယ်ဆိုတာ ချဲလ်ဆီးအသင်း အနိုင်ရဖို့ ခက်ခဲနိုင်ပေမဲ့ လူပြန်စုံနေတဲ့အချက်က သွင်းဂိုးရဖို့တော့ ရှိနေပါတယ်။ အိမ်ရှင်နယူးဘက်ကလည်း အနိမ့်ဆုံးအနေနဲ့ တစ်ဂိုးလောက် မြင်ရဖို့ ရှိတာကြောင့် ဒီပွဲစဥ်မှာ တစ်ဖက်တစ်ဂိုးကနေ စကြည့်ရမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် စနေညရဲ့ အစောဆုံးပွဲကို ဂိုးပေါင်းအပေါ်နဲ့ စဖွင့်ချင်ပါတယ်။
◾မန်စီးတီး Vs ဝက်စ်ဟမ်း
ဇယားထိပ်ဆုံးက အာဆင်နယ်ကို နှစ်မှတ်အကွာနဲ့ ဖိအားလိုက်ပေးနေတဲ့ မန်စီးတီးအသင်း အိမ်ကွင်းပွဲမှာ အနိုင်သေချာနေပေမဲ့ ဂိုးပြတ်သွားမလားဆိုတာတော့ စဥ်းစားရမဲ့ အချက်ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး နှစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးအရှုံး ပေါက်ပါတယ်။ သုံးဂိုးပြတ်မှ ကြေးအပြည့်စားရမဲ့ မန်စီးတီးအနေနဲ့ ကြေးအပြည့်အောင်ပါ့မလားဆိုတာ စဥ်းစားစရာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက နောက်ဆုံးငါးပွဲဆက် နိုင်ပွဲပျောက်ထားတယ် ဆိုပေမဲ့ တိုက်စစ်ပိုင်းက ဂိုးရအောင် သွင်းနိုင်တဲ့အချက်က ဝက်စ်ဟမ်းအသင်းသာ တစ်ဂိုးရသွားရင် မန်စီးတီးအသင်း လေးဂိုးပြန်သွင်းမှ ကြေးအောင်တော့မှာ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ မန်စီးတီးအသင်းက ဝက်စ်ဟမ်းနဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိသလို နောက်ဆုံးငါးပွဲဆက် သုံးဂိုးနဲ့အထက်ကို သွင်းပြထားနိုင်ပြီး အပြန်အလှန်ဂိုးတွေနဲ့ ဂိုးပေါ်တတ်ပါတယ်။ ဒီပွဲမှာလည်း ကြေးပြင်းတဲ့ မန်စီးတီးအသင်းရဲ့ သွင်းဂိုးသုံးဂိုးလောက်နဲ့ ဝက်စ်ဟမ်းအသင်းကိုလည်း တစ်ဂိုးလောက် ပြန်ပေးချင်တာကြောင့် ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပြီး ဝက်စ်ဟမ်းတစ်ဂိုးရရင် အရှုံးမရှိနိုင်တာကြောင့် ဝက်စ်ဟမ်းဘော်ဒီကို အနည်းငယ် ရံကစားသင့်ပါတယ်။
◾စပါး Vs လီဗာပူး
ဒီပွဲက ခြေစွမ်းတည်ငြိမ်မှု အားနည်းတဲ့ အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့နေတာကြောင့် အရှုံးအနိုင်အဖြေပေါ်သွားနိုင်ပြီး စနေညရဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဒဏ်ရာရ ကစားသမားတွေ များနေပြီး ပွဲဆက်များနေတဲ့ စပါးအသင်းက ပိုပြီးတော့ ရုန်းကန်နေရပေမဲ့ လီဗာပူးကတော့ နောက်ပိုင်းပွဲတွေမှာ အနည်းငယ် ပြန်ကောင်းလာပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းက ဘော်ဒီကြေး ပြားရှစ်ဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ လီဗာပူးက တန်းဆင်းဇုန်နားက အသင်းတွေဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ လိဒ်ကို သရေအရှုံး ပေးခဲ့တာကြောင့် စပါးကိုပေးထားတဲ့ ပြားရှစ်ဆယ်ဆိုတာ အနည်းငယ် ပြင်းတယ်လို့တောင် ပြောရမှာပါ။ ဒီနှစ်သင်းတွေ့ဆုံတိုင်း အရှုံးအနိုင် ပြတ်သားလေ့ရှိပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ ဂိုးပေါ်လေ့ရှိသလို ဒီပွဲမှာလည်း အရှုံးအနိုင် အဖြေပေါ်သွားမယ်လို့ ထင်ပါတယ်။ ပေါက်ကြေးအရ လီဗာပူးဘော်ဒီကို အကြိုက်တွေ့နေသလို လက်ရှိခြေစွမ်းအရဆိုရင်လည်း လီဗာပူးက အနည်းငယ် အသာရနေပါတယ်။ စပါးအသင်းက အိမ်ကွင်းမကောင်းဘဲ အဝေးကွင်းကောင်းနေပြီး ဂိုးသွင်းသေချာတဲ့ အသင်းက အနိုင်ရသွားမယ်လို့ ယူဆတာကြောင့် လီဗာပူး ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။






◾အဲဗာတန် Vs အာဆင်နယ်
အဲဗာတန်မှာ ဘယ်တောင်ပံက အန်ဒီရက်နဲ့ ကွင်းလယ်က ဂူရီတို့ကို အာဖရိကဖလားပွဲ ရှိတာကြောင့် နိုင်ငံအသင်းထံ စေလွှတ်ထားရပြီး ခြေစွမ်းပြနေတဲ့ ဒူဘရီဟောလည်း ဒဏ်ရာပြဿနာရှိနေတာကြောင့် မပါနိုင်ပါဘူး။ အာဆင်နယ်ကတော့ လူပိုစုံလာပြီး အင်အားပိုကောင်းလာပေမဲ့ ဒီဇင်ဘာ ပွဲကြပ်ကာလမှာ အနည်းငယ် ရုန်းကန်နေရတာမျိုး တွေ့ရပါတယ်။ ချဲလ်ဆီးနဲ့သရေကျပြီး ဗီလာကို ရှုံးခဲ့တာ တွေ့ရမှာ ဖြစ်ပြီး ဘရန့်ဖို့အသင်းကို မိနစ်ကိုးဆယ်မှ ကြေးအောင်ခဲ့သလို ဇယားအောက်ဆုံးက ဝုဗ်ကို ဂိုးပေးခဲ့ရပြီး နာကျင်အချိန်ပိုမှ ကပ်နိုင်သွားတာမျိုး တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခုနစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဘော်ဒီကြေးတစ်လုံးသရေက အာဆင်နယ်အသင်း တစ်လုံးအသာနဲ့ ကပ်နိုင်ဖို့ ရှိပေမဲ့ ဂိုးပေါင်းကြေးကတော့ ဂိုးပေါ်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆရမှာ ဖြစ်ပါတယ်။ ပေါက်ကြေးအရ အာဆင်နယ်အသင်း တစ်ဂိုးနဲ့ ကပ်နိုင််သွားပြီး ဂိုးအောက်သွားမယ်လို့ ထင်ပါတယ်။ အဲဗာတန်တိုက်စစ်မှာ လူမစုံတာကြောင့် ဂိုးရဖို့ ခက်ခဲနိုင်ပြီး အာဆင်နယ်တစ်သင်းတည်းကလည်း သုံးဂိုးသွင်းဖို့ မလွယ်တာကြောင့် ဂိုးအောက်ကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾ဘရိုက်တန် Vs ဆန်းဒါးလန်း
အာဖရိက ကစားသမားတွေ များပြားတဲ့ ဆန်းဒါးလန်းအသင်းကတော့ အဓိက ကစားသမားငါးယောက်လောက်ထိကို နိုင်ငံအသင်းတွေထံ စေလွှတ်ထားရပြီး ဘရိုက်တန်ကလည်း အဓိကကွင်းလယ်လူ ဘီလာဘာကို ဆုံးရှုံးထားရပါတယ်။ ဒီပွဲမှာ ဘရိုက်တန်အသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ ဆန်းဒါးလန်းအသင်းက အဝေးကွင်းညံ့တယ်ဆိုပေမဲ့ ဘရိုက်တန်က ဒီကြေးပေးတာကတော့ အနည်းငယ် ပြင်းရှနေပါတယ်။ ဆန်းဒါးလန်းက အဝေးကွင်း ရှစ်ပွဲမှာ နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ လေးပွဲရှုံးထားပြီး တိုက်စစ်က လေးဂိုးသာ သွင်းထားနိုင်ပါတယ်။ ဘရိုက်တန်က အိမ်ကွင်းရှစ်ပွဲမှာ လေးပွဲနိုင် သုံးပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး တိုက်စစ်က ဆယ့်ခြောက်ဂိုးသွင်းထားတာကြောင့် တစ်ပွဲကို နှစ်ဂိုးနှုန်းလောက် သွင်းထားနိုင်ပါတယ်။ ဆန်းဒါးလန်းက အဝေးကွင်း သိပ်မကောင်းတဲ့အပြင် ကစားသမားတွေ ဆုံးရှုံးထားသလို ဘော်ဒီကြေး ပြင်းရှနေတဲ့ ဘရိုက်တန်အသင်းကြောင့် အိမ်ရှင် ဘရိုက်တန်အသင်း အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ နိုင်သွားမယ်လို့ ထင်ပါတယ်။
◾ဘုန်းမောက် Vs ဘန်လေ
ဘုန်းမောက်အသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ခုနစ်ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ် ။ သို့ပေမဲ့ အဲဒီပွဲတွေမှာ မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီးနဲ့ ဗီလာတို့လို အသင်းကြီးတွေ ပါဝင်နေတာကိုတော့ တွေ့ရပါတယ်။ တန်းတက်ဘန်လေကလည်း နောက်ဆုံးခုနစ်ပွဲလုံး ရှုံးနိမ့်ထားပြီး ခံစစ်ကလည်း အရမ်းညံ့သလို အဝေးကွင်းခြေစွမ်းကလည်း စုတ်ပြတ်နေတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဘုန်းမောက်အသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ ဘုန်းမောက်အသင်း နိုင်ပွဲပြန်ရဖို့ အကောင်းဆုံးပွဲ ဖြစ်သလို အနိမ့်ဆုံးအနေနဲ့ အနိုင်တစ်ဂိုး သေချာနေပြီး ပြားသုံးဆယ်နဲ့ အပြည့်စားနဲ့ ရင်းရမယ်လို့ ထင်ပါတယ်။ ဘန်လေအသင်းက အဝေးကွင်းရှစ်ပွဲမှာ ခုနစ်ပွဲရှုံးခဲ့ပြီး ခံစစ်က တစ်ပွဲကို သုံးဂိုးလောက်ထိ ပေးနေရတဲ့အချက်က ဘုန်းမောက်အသင်း သေချာပေါက် ဂိုးရဖို့ ရှိနေပြီး ဂိုးပြတ်သွားမယ်ဆိုရင်တောင် အံ့သြစရာ မရှိပါဘူး။ ဒီညမှာတော့ ဘုန်းမောက်ဘော်ဒီကို အကြိုက်ဆုံး ဖြစ်နေပြီး ပြားသုံးဆယ်နဲ့ ရင်းရမှာ ဖြစ်သလို ဂိုးလည်းပြတ်သွားနိုင်တာကြောင့် ဂိုးပေါ်ပါ ထပ်ကစားစေချင်ပါတယ်။
◾ဝုဗ် Vs ဘရန့်ဖို့
ရာသီဝက်ပြီးဆုံးကာနီးအချိန်မှာတောင် နိုင်ပွဲလုံးဝမရသေးသလို နှစ်မှတ်ပဲရထားတဲ့ ဝုဗ်အသင်းအနေနဲ့ ခုချိန်ကစပြီး ပုံစံကောင်းတစ်ခု မပြနိုင်ခဲ့ရင် တန်းဆင်းရဖို့ ပိုသေချာသွားပါလိမ့်မယ်။ ဘရန့်ဖို့က အဝေးကွင်းညံ့သလို ကွာတာရာနဲ့ အိုနာကာတို့ကို အာဖရိကဖလားပွဲ စေလွှတ်ထားရပြီး နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ငါးပွဲလုံး ရှုံးထားပါတယ်။ ဒီပွဲစဥ်မှာ ဘရန့်ဖို့အသင်းက ဘော်ဒီကြေး ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ နောက်ဆုံးဆယ်ပွဲဆက် ရှုံးထားတဲ့ ဝုဗ်လိုအသင်းကို သိပ်မကြိုက်ပေမဲ့ အခွင့်အရေး တစ်ခုလောက် ပေးချင်မိသလို ပရီးမီးယားလိဂ်မှာ ရာသီဝက်ပြီးဆုံးချိန်မှာတောင် နှစ်မှတ်ပဲ ရသွားမျိုး ဖြစ်သွားမယ် မထင်ပါဘူး။ ခုက ပွဲစဥ် ၁၆ ဖြစ်ပြီး ရာသီဝက်ပြီးဖို့ နောက်နှစ်ပွဲပဲ လိုတော့သလို လက်ကျန်နှစ်ပွဲမှာ ဝုဗ်အသင်းက လီဗာပူးနဲ့ မန်ယူအသင်းတို့ကို အဝေးကွင်း သွားကစားရမှာ ဖြစ်နေပါတယ်။ လက်ကျန်နှစ်ပွဲက ရှုံးဖို့များနေတာကြောင့် ဒီပွဲက စိတ်ဓာတ်ပိုင်း မြင့်တက်လာဖို့နဲ့ လက်ကျန်ရာသီဝက်မှာ တစ်ခုခု လုပ်ပြချင်တယ်ဆို ဒီပွဲကို အနိုင်ရအောင်ကို ကစားဖို့လိုပါတယ်။ ဘရန့်ဖို့ကလည်း အဝေးကွင်း သိပ်မကောင်းသလို ဒီပွဲမှာ ဝုဗ်အသင်း အနိုင်ရသွားမယ်လို့တောင် မှန်းထားတာကြောင့် သရေကျခဲ့ရင်တောင် ပြားခြောက်ဆယ်အနိုင်ရမဲ့ ဝုဗ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
