၂၀.၁၂.၂၀၂၅.
Translated by Htwe Ko Tun
တရုတ်တိုင်ပေမြို့တော် တိုင်ဝမ်၊ ဇုန်ရှန်ခရိုင်ရဲ့ မြေအောက်ရထားလိုင်း အဓိကမြေအောက်ရထား ဘူတာရုံကြီးမှာ ဒီဇင်ဘာလ ၁၉ ရက်က အသက် ၂၇ နှစ်ရှိ အကြမ်းဖက်သမားအမျိုးသားတစ်ဦးက တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံးလူသုံးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူတစ်ဦးက အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။
တရားခံက ဘူတာရုံအတွင်း မီးခိုးဗုံးတွေနဲ့ပစ်ပေါက်ပြီးနောက် ဘူတာအနီးနားရှိ အဆောက်အအုံတစ်ခုမှ ခုန်ချသေဆုံးခဲ့တယ်လို့ ကနဦး ယူဆခဲ့ကြပါတယ်။ ထိုအချက်ကို နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး Central News Agency ရဲ့ အဆိုအရ တရားခံမှာ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားပြီလို့ အတည်ပြုခဲ့ကာ အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးသူ အရပ်သားနှစ်ဦးနဲ့ အကြမ်း ဖက်တိုက်ခိုက်သူ စုစုပေါင်း သုံးဦးအထိ ရှိလာခဲ့ပါတယ်။



ချန်ဝန် အမည်ရှိ အကြမ်းဖက်တိုက်ခိုက်သူက တိုက်ခိုက်မှုကို ညနေ ၅ နာရီလောက်မှာ ပြုလုပ်ခဲဲ့တာလို့ သိရပြီး မီးခိုးဗုံးတွေနဲ့တိုက်ခိုက်မှုမှာ အသက် ၅၀ ကျော် အမျိုးသားတစ်ဦးလည်း နှလုံးရပ်ပြီး သေဆုံးခဲ့ရပါတယ်။
နောက်ပိုင်းမှာ တရားခံက မြေအောက်ဘူတာအနီး Eslite Spectrum Nanxi ကုန်တိုက်ကြီးကို ဦးတည်ပြီး ကုန်တိုက်ကြီးရဲ့ ပထမထပ်နဲ့ စတုတ္ထထပ်မှာ သွားလာနေသူတွေကို အဓိကအားဖြင့် လည်ပင်းကို ဓားနဲ့ထိုးခဲ့ကာ တိုက်ခိုက်ခဲ့ပြန်တယ်လို့ တိုင်ပေရဲတပ်ဖွဲ့က ပြောပါတယ်။
တိုင်ပေမြို့တော်ဝန်က သတင်းထောက်တွေကို ပြောကြားရာမှာ သံသယရှိသူဟာ ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ထိုင်ဝမ်အမျိုးသားတစ်ဦးဖြစ်ပြီး ရဲတွေရဲ့ လိုက်လံဖမ်းဆီးမှုအတွင်း ခုန်ချသေဆုံးခဲ့တယ်လို့ ယုံကြည်ရတယ်လို့ ဆိုပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အရန်စစ်သင်တန်းတက်ရောက်ဖို့ စီစဉ်ထားပြီးပျက်ကွက်ခဲ့လို့ ဇူလိုင်လ ၁၁ ရက်နေ့မှာ စစ်မှုထမ်းစနစ်ချိုးဖောက်မှုအတွက် ပြစ်ဒဏ်အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ဖမ်းဝရမ်းထုတ်ပြန်ခံခဲ့ရသူဖြစ်ပါတယ်။
Ref- Taipei Times
