၉.၁၂.၂၀၂၅
Photo by Hey Mar


ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကနေ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးကောက်ခံမယ့် ဦးကျော်စွာကျော်ကျော်က ဒီနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ ပြည်သူတွေနဲ့ တတိယအကြိမ်တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ပြည်သူတွေလိုအပ်နေတဲ့ မျက်စိကျန်းမာရေး ကဏ္ဍကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းတဲ့အနေနဲ့ စာကြည့်မျက်မှန် ပြုလုပ်ပေးတာ၊ ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်ရေးအကျဉ်း လက်ကမ်းစာစောင်ဝေငှတာနဲ့ လမ်းသွားလမ်းလာတွေကို အအေးစတုဒိသာ တိုက်ကျွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။





“ပါတီအတွက် လူထုကို အသိပေးလှုပ်ရှားမှုတွေ ပြုလုပ်တဲ့အခါ ဒေသခံ လူထုဘာတွေလိုလဲ ဆိုတာကို ကျွန်တော်တို့မေးပါတယ်။ မေးတဲ့အချိန်မှာ မျက်စိစမ်းသပ်တာလေးတွေ လုပ်ချင်တယ်။ ကျန်းမာရေးပြုစုစောင့်ရှောက် ခံချင်ကြတယ်။ အဲ့ဒီအတွက်ကျွန်တော်တို့ ဒီ Activity လေးတွေ ကျွန်တော်တို့ လုပ်ဖြစ်ပါတယ်” လို့ ပြည်သူ့ရှေ့ဆောင်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်စွာကျော်ကျော်က ဆိုပါတယ်။
ဦးကျော်စွာကျော်ကျော်က ကိုယ်တိုင်လည်း သက်မွေးမှုသင်တန်းကျောင်းတွေရဲ့ ဆရာအဖြစ်ဆောင်ရွက်နေပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံ အပါအဝင် မြို့တွေမှာ ဒေသခံတွေအတွက် အသက်မွေးဝမ်းကျောင်းပညာ၊ ဟိုတယ်လုပ်ငန်းစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဟိုတယ်သင်တန်းအခမဲ့ပို့ချပေးတာတွေလည်း နှစ်စဉ် ပညာသင်ဆုရွေးချယ်ပြုလုပ်နေတယ်လို့ သိရပါတယ်။
