၉.၁၂.၂၀၂၅
Translated by Htwe Ko Tun
အရှေ့တောင်အာရှဒေသအတွင်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုတွေ ပြန်လည်မြင့်တက်လာတာနဲ့အတူ နှစ်ဖက်တိုက်ခိုက်မှုတွေက ဒီဇင်ဘာ လ ၉ ရက်မှာ တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။
နှစ်ဖက်စလုံးက တစ်ဦးကိုတစ်ဦး အပစ်အခတ်ရပ်စဲ ရေးကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲနေကြပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်တဲ့ တတိယမြောက်နေ့မှာတော့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် သေဆုံးသူတွေ ပိုများလာပြီး အိုးအိမ်စွန့်ထွက်ပြေးရသူတွေ ထောင်နဲ့ချီလာပါတယ်။




ထိုင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၈ ရက် တစ်ညလုံးအမြောက်နဲ့ပစ်ခတ်လို့ အရပ်သားနှစ်ဦးထက်မကသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ခုနစ်ဦးမှ ရှစ်ဦးရှိပြီး ဒဏ်ရာရသူ ၂၀ ဦးရှိလာတယ်လို့ ကမ္ဘောဒီးယားဘက်က ပြောခဲ့ပါတယ်။
ထိုင်းဘက်ကလည်း တပ်ဖွဲ့၀င်သုံးဦးတိုက်ခိုက်မှုတွေ အတွင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ကမ္ဘော ဒီးယားစစ်တပ်က နယ်စပ်ဒေသ ထိုင်းနိုင်ငံအတွင်း လူနေရပ်ကွက်တွေကို ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ နယ်စပ်ပြည်နယ် လေးခုမှာ အခုအခါစစ်ဘေးရှောင်ပြည်သူ ၁၂၅,၈၃၈ ဦးရှိပြီလို့ ထိုင်းစစ်တပ် က ဒီဇင်ဘာလ ၉ ရက်မှာ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က ကီလိုမီတာ ၈၀၀ ကျော်ရှည်လျားတဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်နယ်စပ်အငြင်းပွားအားပြိုင်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြတာပါ။
Ref ,bbc
