၉.၁၂.၂၀၂၅
Written by Linn Eain





ရန်ကုန်မြို့ ရေဝေးသုသာန်ရှိ ကွယ်လွန်သွားရှာပြီဖြစ်သည့် ဆရာကြီးဦးသုခ အပါအဝင် စာရေးဆရာ၊ ကဗျာဆရာများ၏ အုတ်ဂူများတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)က သန့်ရှင်းရေးများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဦးဆောင်ပဓာန နာယက စာရေးဆရာ၊ ဒါရိုက်တာဦးသုခ ကွယ်လွန်ခြင်း(၂၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရေဝေးသုသာန်ရှိ အုတ်ဂူကို နာ/ကူအသင်းမှသရုပ်ဆောင်ထွန်းကိုကိုနှင့် အသင်းသူ/သားများ၊ ဝန်ထမ်းများက ဒီဇင်ဘာ ၇ ရက်၊ နံနက် ၇ နာရီခွဲတွင် သွားရောက်သန့်ရှင်းရေးပြုလုပ်ခဲ့ပြီး ဂါရဝပြုကန်တော့ကာ ပရဟိတသစ္စာဆိုခဲ့ကြောင်း သိရသည်။





ထို့ပြင် ရေဝေးသုသာန်အတွင်းရှိ စာရေးဆရာ၊ ကဗျာဆရာများ၏ အုတ်ဂူများတွင်လည်း သန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ထိုသို့ သန့်ရှင်းရေးများပြုလုပ်ရာတွင် ဟံသာဝတီဦးဝင်းတင်၊ ကဗျာဆရာတင်မိုး၊ ဦးအောင်သင်း၊ မင်းသိင်္ခ၊ ဦးစိန်တင်(အမျိုးသားရုပ်ရှင်)၊ ပန်းချီခင်မောင်ရင်၊ စာရေးဆရာ မောင်သာချိုနှင့် အခြားအထင်ကရအုတ်ဂူများကို သန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
